Homeပြည်တွင်းသတင်းငြိမ်းချမ်းရေးခွေးလေးလို့ အမည်ရတဲ့ အသောက

ငြိမ်းချမ်းရေးခွေးလေးလို့ အမည်ရတဲ့ အသောက

နိုင်ငံတကာမှာ စစ်အာဏာရှင်တိုင်းဟာ ကိုယ့်အတ္တကြောင့် လူတိုင်းကို စစ်ပွဲထဲသွပ်သွင်းနေချိန်မှာ သာမာန်အညတရ ခွေးလေးတကောင် ငြိမ်းချမ်းရေးအတွက် မိုင်ပေါင်း ၂၃၀၀ ခရီးကို လမ်းလျှောက်နေတာဖြစ်ပါတယ်။

အလောကဆိုတာကတော့ အမေရိကန်ပြည်ထောင်စု၊ မိုင်ပေါင်း ၂၃၀၀ ငြိမ်းချမ်းရေးခရီးလမ်းလျှောက်ပွဲမှာ ဘုန်းတော်ကြီးတွေနဲ့အတူ လမ်းလျှောက်လိုက်ပါလာတဲ့ သာမာန်အညတရ ခွေးလေးတကောင်ဖြစ်ပါတယ်။

အလောက (Aloka) ဆိုတဲ့အဓိပ္ပါယ်ဟာ အလင်းရောင်လို့ အမည်ရပြီးတော့ သူဟာ အိန္ဒိယက လမ်းဘေး ခွေးလေးတကောင်ဖြစ်တယ်လို့ သိရပါတယ်။

သူဘုန်းတော်ကြီးတွေနဲ့ အရင် Peace Walk တစ်ခုမှာတွေ့ခဲ့ပြီးနောက်မှာ အခုအချိန်အထိ အခြားနေရာထွက်မသွားတော့ဘဲ ဘုန်းတော်ကြီးတွေနဲ့အတူ နေခဲ့တာဖြစ်ပါတယ်။

ဒီလို သာမာန်အညတရ ခွေးလေးတစ်ကောင်ဟာ စကားမပြောတတ်ပေမယ့် သခင်ကိူ သခင်မှန်းသိသလို ဘုန်းတော်ကြီးတွေရဲ့ မိုင်ပေါင်း ၂၃၀၀ ငြိမ်းချမ်းရေးခရီးလမ်းလျှောက်ပွဲကို လိုက်ပါနေတာကြောင့် “Peace Dog” (ငြိမ်းချမ်းရေး ခွေး) လို့လည်းလူတွေက ခေါ်ဝေါ်လာကြပါတယ်။

ဘုန်းတော်ကြီးတွေ လျှောက်နေတဲ့ Walk for Peace ခရီးဟာ Fort Worth, Texas ကနေ Washington, D.C. ထိ အမေရိကန် ၁၀ ပြည်နယ်ကျော်လမ်းလျှောက်သွားတဲ့ခရီးဖြစ်ပြီး ရက်ပေါင်း ၁၂၀ ကျော်ကြာမြင့်မှာဖြစ်တယ်လို့သိရပါတယ်။

Aloka ရဲ့ မျက်လုံး နှစ်ဖက်ကြားမှာပါတဲ့ အသဲပုံအမှတ်‌အသားကြောင့် လူအများ သတိထားသဘောကျပြီး ချစ်ခင်မှု၊ သစ္စာ နှင့် ငြိမ်းချမ်းရေး သင်္ကေတ အဖြစ် သတ်မှတ်ခံထားရပါတယ်။

Aloka ဟာ စကားမပြောတတ်ပေမယ့်ချစ်ခြင်းမေတ္တာ သစ္စာနှင့် လေးစားမှုလူတိုင်းအတွက် ငြိမ်းချမ်းရေးတောင်းဆိုမှုကို ကိုယ်စားပြုနေတဲ့ ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။

ဓါတ်ပုံ – Aloka The Peace Dog FB

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး