Homeပြည်တွင်းသတင်းငါးလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံး

ငါးလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံး

ဇွန်၊ ၂၀၂၅

နိုင်ငံတဝန်းစစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တွေကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က မေ ၃၁ ရက်အထိ ငါးလတာကာလအတွင်း အရပ်သားပြည်သူ ၅၁၆ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

အဲ့ဒီအထဲမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂၃၅ ဦး၊ အမျိုးသား ၁၉၃ ဦးနဲ့ အသက် ၁၈ နှစ်အောက်ကလေးငယ် ၁၀၉ ဦး အပါအဝင် စုစုပေါင်း ၄၂၈ ဦး သေဆုံးခဲ့ကြောင်း၊ ထိုသေဆုံးမှုအနက် စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၃၀ ဦး၊ ရခိုင်ပြည်နယ်မှ ၆၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လည်း အမျိုးသမီး ၄၃ ဦး၊ အမျိုးသား ၄၅ ဦး စုစုပေါင်း ၈၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ စစ်ကောင်စီ ကြောင့် သေဆုံးခဲ့တဲ့အရပ်သားပြည်သူ စုစုပေါင်း ၆၇၇၅ ဦးရှိကြောင်း AAPP ရဲ့ စာရင်းတွေ အရသိရပါတယ်။

ပုံစာ – အိုးတိန်တွင်းရွာ စာသင်ကျောင်းဗုံးကျဲခံရမှုမှာ သေဆုံးသွားသော ကလေးငယ်များ

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read