Homeပြည်တွင်းသတင်းငါးလနီးပါကာလအတွင်း စစ်တပ်က ဖမ်းဆီးပြီးနောက် အသတ်ခံရသည့် အရပ်သား (၈၉) ဦးအထိရှိလာ

ငါးလနီးပါကာလအတွင်း စစ်တပ်က ဖမ်းဆီးပြီးနောက် အသတ်ခံရသည့် အရပ်သား (၈၉) ဦးအထိရှိလာ

၂၂ မေ၊၂၀၂၅

ငါးလနီးပါကာလအတွင်း စစ်တပ်ကဖမ်းဆီးပြီးနောက် အသတ်ခံရသည့် အရပ်သား (၈၉) ဦးအထိရှိခဲ့တာကို အမည်နဲ့တကွ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

AAPP က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ နိုင်ငံတဝန်း စစ်အုပ်စုရဲ့ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူ အမျိုးသမီး (၁၇) ဦး နဲ့ အမျိုးသား (၇၂) ဦး စုစုပေါင်း (၈၉) ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေအထဲ အသက် ၁၈ နှစ်အောက် ကလေးငယ် (၅) ဦး ပါဝင်နေပြီး သေဆုံးသူအများဆုံးမှာ မကွေး တိုင်းက (၄၂) ဦးနဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၁၈) ဦးသေဆုံးခဲ့ပြီး ဒုတိယအများ ဆုံး သေဆုံးခဲ့တဲ့ဒေသဖြစ်တယ်လို့ လည်း သိရပါတယ်။

ဂန့်ဂေါမြို့အခြေစိုက် အမှတ်(၅၀)ခြေလျင် တပ်ရင်းမှ အကြမ်းဖက်စစ်အုပ်စု နဲ့ ပျူစောထီးပူးပေါင်းအင်အား ၁၀၀ကျော်ခန့်က မေလ ၁၂ ရက်နေ့၊ နံနက် ၂နာရီခန့်အချိန် ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာကို စစ်ကြောင်း ထိုးဝင်ရောက်ခဲ့ကာ ကျောင်းသားသုံးဦး၊ အရပ်သားတဦးနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၇ ဦး၊ စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ထို့နောက် အဆိုပါ စစ်ကြောင်းမှ ဒေသခံတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ထိုအထဲမှ ဦးမြင့်ဦး၊ ကိုချော မောင်မောင် နဲ့သူ၏ဖခင် ဦးဇော်လင်းနိုင်တို့သုံးဦးကို ချန်လှပ်ပြီး ၂၀၂၅ ခုနှစ်၊ မေလ ၁၇ရက်နေ့တွင် ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ဖမ်းဆီးခံထားရသူ သုံးဦးထဲမှ မြင့်ဦးကို စစ်အုပ်စုရဲ့ လက်အောက်ခံ အမြောက်တပ်အတွင်း၌ သတ် ဖြတ်ခဲ့ပြီး ကိုချောမောင်မောင်ကို အမှတ်(၅၀) ခြေလျင်တပ်ရင်းအတွင်း၌ သတ်ဖြတ်ခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – Cj

ဆက်စပ် သတင်းများ

Most read