Homeပြည်တွင်းသတင်းငလျှင်ဒဏ်ခံရတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးတွေ လုံလုံလောက်လောက် မရှိ

ငလျှင်ဒဏ်ခံရတဲ့ ပြည်သူတွေကို ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးတွေ လုံလုံလောက်လောက် မရှိ

၂၈ မတ်၊ ၂၀၂၅

မန္တလေးမှာ ငလျှင်ကြောင့် အဆောက်အဦးတွေ ပြိုကျနေပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ လိုအပ်နေပေမယ့် အခုချိန် ည ၇ နာရီလောက်အထိ ကယ်ဆယ်ရေး ရောက်မလာသေးတဲ့ နေရာတွေ အများအပြားရှိနေတယ်လို့ မန္တလေး ဒေသခံတွေဆီက သိရပါတယ်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့ အမျိုးသားသဘာ၀ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာထားပေမယ့် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်တာမတွေ့ရဘဲ ပြည်သူတွေ အချင်းချင်း ကူညီကယ်ဆယ်ပေးနေရတယ်လို့ ဆိုပါတယ်။

“နေရာတိုင်းမှာ လိုလို အကူအညီတွေ လိုအပ်နေတာပါ။ ဒါပေမယ့် ကိုယ့်အချင်းချင်းက လွဲရင် လာကူတယ် အစိုးရ ပိုင်းက မတွေ့ရဘူး။ တချို့တွေ တိုက်တွေ အောက်မှာ ပျောက်နေကြတာ အများကြီးပဲ။”လို့ မန္တလေးဒေသခံ တဦးက New Day Myanmar ကိုပြောပါတယ်။

မန္တလေးမြို့ခံတွေကတော့ ငလျှင်ကြောင့် ပျက်စီမှုတွေ အောက်မှာ လူတွေ ရာနဲ့ချီပြီး ပိတ်မိတာတွေရှိနေနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

ဓါတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read