Homeပြည်တွင်းသတင်းငလျှင်ကြောင့် နေပြည်တော်လေဆိပ်ရှိ တာဝါတိုင်ပြိုကျ၊ လေဆိပ်ဝန်ထမ်း ၄ ဦးထက်မနည်းသေဆုံးခဲ့

ငလျှင်ကြောင့် နေပြည်တော်လေဆိပ်ရှိ တာဝါတိုင်ပြိုကျ၊ လေဆိပ်ဝန်ထမ်း ၄ ဦးထက်မနည်းသေဆုံးခဲ့

၂၈ မတ်၊ ၂၀၂၅

အင်အားပြင်းငလျင်ကြောင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာရှိတဲ့ တာဝါတိုင်ပြိုကျခဲ့ပြီး လေဆိပ်ဝန်ထမ်း ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ New Day Myanmarက ကနဦးသတင်းရရှိပါတယ်။

ကျောက်ဆည်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီးမှာ အသေအပျောက်များခဲ့သလို အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း အပျက်အစီးတွေရှိခဲ့ပြီး လူသေဆုံးမှုတွေရှိနေပါတယ်။

လက်ရှိအချိန်ထိ ငလျင်ကြောင့် ဖုန်းလိုင်းတွေ၊အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲဖြစ်ပါတယ်။

ပုံစာ – နေပြည်တော်လေဆိပ်ကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ

Most read