Homeပြည်တွင်းသတင်းငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာစစ်တပ်လက်ချက်ကြောင့် အရပ်သား ၂oo ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂထုတ်ပြန်

ငလျင်လှုပ်ပြီးနောက်ပိုင်း မြန်မာစစ်တပ်လက်ချက်ကြောင့် အရပ်သား ၂oo ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂထုတ်ပြန်

မေ ၊ ၂၀၂၅

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခက်ခဲ့တဲ့ ငလျင်ပြီးနောက်ပိုင်း စစ်တပ်က အပစ်ရပ်ကြေညာခဲ့ ပေမယ့် တိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့က မေလ ၂ ရက်နေ့က ထုတ်ပြန် ပြောဆိုထားပါတယ်။

မတ်လ ၂၈ ရက်မှ ဧပြီလ ၂၉ ရက်နောက်ပိုင်း မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ် အပါအဝင် တိုက်ခိုက်မှု ၂၄၃ ကြိမ် လုပ်ဆောင်ခဲ့ရာ အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ကြောင်းနဲ့မြန်မာစစ် တပ်အနေနဲ့ အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို တိုက်ခိုက်တာ ချက်ချင်း ရပ်တန့်ဖို့ အ ရေးကြီးတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လ်ကာတပ်ခ်က ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လ်ကာတပ်ခ်က “မြေငလျင် လှုပ်ခတ်ပြီးနောက် အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပေမယ့် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရှိနေတာဟာ တစ်နိုင်ငံလုံးမှာ အကြမ်း ဖက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ အရပ်ဘက်အုပ်ချုပ်ရေး ကိုပြန်သွားဖို့ လိုအပ်တာကို မီးမောင်းထိုးပြနေပါတယ်”လို့ ပြောဆိုထားပါတယ်။

ဆက်လက်ပြီးသူက “မြန်မာပြည်သူတွေဟာ အကူအညီတွေ လိုအပ်နေပြီး သူတို့ကို ငြိမ်းချမ်းရေးနဲ့ ကာကွယ် စောင့် ရှောက်မှု ပေးရမှာဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ အကူအညီလိုအပ်သူတွေထံ အဟန့် အတားမရှိ ရောက်ရှိရမယ်လို့ အပြည်ပြည်ဆိုင်ရာဉပဒေက ရှင်းလင်းစွာ ဖော်ပြထားပါတယ်” လို့ ပြောဆိုထား ပါတယ်။

မြန်မာပြည်သူ သန်း ၂၀ နီးပါးဟာ လူသားချင်းစာနာမှု အကူအညီကို မှီခိုနေရပြီး စားနပ်ရိက္ခာ၊ ရေနဲ့ နေစရာတွေ လိုအပ်နေကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ အတောမသတ်တဲ့ တိုက်ခိုက်မှုတွေဟာ နှစ်ချီကြာနေပြီဖြစ်တဲ့ ပဋိပက္ခ အပြင် မြေငလျင်ဘေးသင့် ပြည်သူတွေကို သက်ရောက်စေတာကြောင့် ပြည်သူတွေကို အလေးထားဖို့၊ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လိုအပ်ချက်ကို ဉီးစားပေးဖို့နဲ့ အ ကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ ၎င်းကထောက်ပြပြောဆိုထားပါတယ်။

ပုံစာ – (သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို ဧပြီလ ၁၉ ရက်နေ့မှာ စစ်ကော်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှု)

ဓာတ်ပုံ -CJ

ဆက်စပ် သတင်းများ

Most read