Homeပြည်တွင်းသတင်းငလျင်လှုပ်ခဲ့တာ ၅ လကျော်ကြာပြီဖြစ်ပေမဲ့ မန္တလေး Sky Villa ကွန်ဒိုမှာ ရုပ်လောင်း ၅ လောင်း ထပ်မံတွေ့

ငလျင်လှုပ်ခဲ့တာ ၅ လကျော်ကြာပြီဖြစ်ပေမဲ့ မန္တလေး Sky Villa ကွန်ဒိုမှာ ရုပ်လောင်း ၅ လောင်း ထပ်မံတွေ့

၂၉ ဩဂုတ် ၂၀၂၅

ငလျင်လှုပ်ခဲ့တာ ၅ လကျော်ကြာပြီဖြစ်ပေမဲ့ မန္တလေး Sky Villa ကွန်ဒိုမှာ ဒီကနေ့ ဩဂုတ်၂၉ ရက်မှာ ရုပ်လောင်း ၅လောင်း ထပ်မံတွေ့ရှိပြန်ပါတယ်။

ဒီနေ့မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယန္တရားတွေနဲ့ Sky Villa ကွန်ဒိုအဆောက်အဦ ဖယ်ရှားရှင်းလင်းရာမှာ A အဆောင် အခန်းအမှတ် A 3 က အမျိုးသားရုပ်အလောင်း ၂ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၃ လောင်းထပ်မံတွေ့ရှိခဲ့်လို့ ထုတ်ပြန်လာပါတယ်။

အဲဒီ ရုပ်အလောင်း ၅ လောင်းကို ဒေသခံလူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ် ၁၃ ရက်ကနေ ၂၅ ရက်အတွင်း Sky Villa အဆောက်အဦကို ဖယ်ရှားရှင်းလင်းရာမှ အမျိုးသား ရုပ်အလောင်း ၆ လောင်း၊ ကလေးရုပ်အလောင်း ၁ လောင်းနဲ့ အမျိုးသမီး ရုပ်အလောင်း ၁၀ လောင်း စုစုပေါင်း ၁၇ လောင်း တွေ့ရှိခဲ့ပါသေးတယ်။

အခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သတဲ့ ၇ဒဿမ၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ကြောင့် မန္တလေးမြို့က Sky Villa ကွန်ဒိုအပါ ဟိုတယ်တွေ၊ လူနေအိမ်အဆောက်အအုံတွေ ၊ ဘုရားပုထိုးစေတီနဲ့ သာသနိက အဆောက်အအုံတွေပြိုကျပျက်စီးခဲ့ပြီး လူသေဆုံးမှုများပြားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-MFDS

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး