Homeပြည်တွင်းသတင်းငလျင်ဘေးသင့်နေချိန်ဖြစ်လို့ အင်တာနက် ပိတ်ဆို့ ကန့်သတ်ထားမှုတွေကို ပယ်ဖျက်ဖို့ အဖွဲ့အစည်းပေါင်း ၁၂၀ ကြေညာချက်ထုတ်

ငလျင်ဘေးသင့်နေချိန်ဖြစ်လို့ အင်တာနက် ပိတ်ဆို့ ကန့်သတ်ထားမှုတွေကို ပယ်ဖျက်ဖို့ အဖွဲ့အစည်းပေါင်း ၁၂၀ ကြေညာချက်ထုတ်

ဧပြီ၊၂၀၂၅

လက်ရှိမြန်မာနိုင်ငံမှာ ငလျင်ဘေးသင့်နေချိန်ဖြစ်လို့ အင်တာနက် ပိတ်ဆို့ ကန့်သတ်ထားမှုတွေကို ပယ်ဖျက်ဖို့ အဖွဲ့အစည်းပေါင်း ၁၂၀ က ဒီနေ့မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မတ်လ ၂၈ ရက်နေ့က နိုင်ငံအလယ်ပိုင်းကို ဗဟိုပြုကာ နိုင်ငံ့သမိုင်းတွင် အပြင်းထန်ဆုံးဟုပြောနိုင်သော ရစ်ချ် တာ စကေး ရ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်များလည်း လှုပ်ခတ်ခဲ့တာကြောင့် စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော်မြို့တွေမှာ အဆိုးဝါးဆုံးခံစားရပြီး၊ မြို့နယ်ပေါင်း (၆၇) မြို့နယ်ခန့်က ငလျင် ဒဏ် ခံစားခဲ့ရတယ်လို့ဆိုပါတယ်။

သေဆုံးသူ ဦးရေမှာ လက်ရှိ မတ်လ ၃၀ အထိ ၂၀၀၀ ကျော် အထိ ရှိလာပြီး၊ ဆက်လက်မြင့်တက်လျက်ရှိသည်။ လက်ရှိအချိန်၌ အပျက်အစီးများအကြား ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်နိုင်ရေးနှင့် ငလျင်ဒဏ်ခံစားရသည့် နေရာများရှိ အများပြည်သူအတွက် အရေးပေါ်ကယ်ဆယ်ရေးအကူအညီများ အမြန် ဆုံးလို အပ်လျက်ရှိသည်။

သို့ရာတွင် စစ်ကောင်စီက ငလျင်လှုတ်ခပ်ပြီး ၄၈ နာရီကျော်သည်အထိ အရေးပေါ်အကူအညီများ အရေးတကြီးလိုအပ်ချိန်တွင် အခြေခံကျသောလိုအပ်ချက်ဖြစ်တဲ့ အင်တာနက် ဝန်ဆောင်မှုတွေ ပိတ်ဆို့ခြင်း နဲ့ ကန့်သတ်ခြင်းတွေကို စစ်ကောင်စီက ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် အများပြည်ရဲ့အသက်အန္တရာယ်ကို လျစ်လျူရှု့ကာ စစ်ကောင်စီက ဆက်သွယ်ရေးဖြတ်တောက်မှုအား ဆက်လက်လုပ်ဆောင်နေခြင်းအပေါ် ကျွန်ုပ်တို့က အပြင်းထန်ဆုံး ရှုတ်ချပြီး အင်တာနက် နဲ့ ဆက်သွယ်ရေး လိုင်းများ၊ အများပြည်သူ သတင်းအချက်အလက် ရပိုင်ခွင့်ကို ကန်သတ်ထားတဲ့ မည့်သည့်ကန့်သတ်မှုကိုမဆို ချက်ခြင်းလက်ငင်း ရုပ်သိမ်းဖယ်ရှားပေးဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အင်တာနက် ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် အများပြည်သူ အသက်ဆုံးရှုံးမှုတွေနဲ့ နစ်နစ်မှုတွေ အားလုံးအတွက် စစ်ကောင်စီမှ တာဝန်ခံရမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

ဓာတ်ပုံ -Athan

ဆက်စပ် သတင်းများ

Most read