မြန်မာနိုင်ငံအတွင်းက ငလျင်ဘေးသင့်ဒေတွေမှာရှိတဲ့ လူဦးရေ ၄.၃ သန်းကျော်ဟာ ရေသန့် နဲ့ သန့်ရှင်းရေး ဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့် ရေပေးဝေရေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခဲ့ပြီး အိမ်သာပေါင်း ၄၂,၀၀၀ ကျော် ပြိုကျခဲ့ သလို မကြာခဏ ဓါတ်အားပြတ်တောက်မှုတွေကြောင့်လည်း ရေပေးဝေရေး အခက်အခဲ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက အခြေအနေတွေ ပိုပြီး ဆိုးရွားမလာခင် အကူအညီလို အပ်သူ တစ်သန်းကို ရေသန့်၊ အရေးပေါ်သန့်ရှင်းရေး နဲ့ တစ်ကယ်ရေ သန့်ရှင်းရေးဆိုင်ရာ အကူ အညီတွေပေးအပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီး သီတင်းသုံးပတ်ကြာတဲ့အထိ ငလျင်သင့်ပြည်သူတွေဟာ လုံခြုံစိတ်ချ ရတဲ့ အမိုးအကာ၊ ရေသန့်၊ လျပ်စစ်မီး နဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ မရရှိသေး ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အမိုးအကာ နဲ့ အခြေခံအိမ်သုံးပစ္စည်းတွေ လိုအပ်နေသူ အရေအတွက် အခုအခါ တစ်သန်းကနေ ၅.၂ သန်းအထိ တိုးလာတယ်လို့ UNOCHA က ဆိုပါတယ်။
ငလျင်ငယ်တွေ ဆက်လက်လှုပ်ခတ်တာတွေကြောင့် နေအိမ်တွေ ပြန်လည်တည်ဆောက်ရေး နဲ့ ပြန်လည်ထူ ထောင်ရေး ကြိုးပမ်းမှုတွေ အဟန့်အတား ဖြစ်စေခဲ့ကြောင်းနဲ့ ကနဦးငလျင်ကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။