Homeပြည်တွင်းသတင်းငလျင်ဘေးကယ်ဆယ်ရေး ထိရောက်ဖို့ Starlink အင်တာနက် ထောက်ပံ့မယ်လို့ Space X ကြေညာ၊ စစ်ကောင်စီက ခွင့်မပြု

ငလျင်ဘေးကယ်ဆယ်ရေး ထိရောက်ဖို့ Starlink အင်တာနက် ထောက်ပံ့မယ်လို့ Space X ကြေညာ၊ စစ်ကောင်စီက ခွင့်မပြု

၃၀ မတ်၊ ၂၀၂၅

ငလျင်ဒဏ်သင့်ပြည်သူတွေ ကယ်ဆယ်နိုင်ရေးပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ Starlink အင်တာနက်ကို ကူညီထောက်ပံ့ပေးဖို့ အဆင်သင့်ရှိတယ်လို့ အီလွန်မတ်စ်ရဲ့ Space X ကမတ်လ ၂၈ ရက်ကကြေညာပါတယ်။

ဒါပေမယ့် Starlink သုံးစွဲခွင့်ပြုရေးအတွက် သက်ဆိုင်ရာ အစိုးရက ခွင့်ပြုမှရမှာဖြစ်တဲ့ အတွက် သုံးစွဲခွင့်တောင်းဆိုမှုတွေရှိပါတယ်။

မြန်မာစစ်ကောင်စီကတော့ Starlink အင်တာနက်အသုံးပြုခွင့်ပေးမယ်လို့ လက်ရှိအချိန်အထိ ထုတ်ဖော်ပြောဆိုတာ ကြေညာတာမရှိပါဘူး။

မတ်လ ၂၈ /ရက် ငလျင်ကြောင့် မြန်မာတနိုင်ငံလုံးနီးပါး လျှပ်စစ်မီး၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတချို့ ပြတ်တောက်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အခက်အခဲရှိနေပါတယ်။

ဓါတ်ပုံ – X လူမှုကွန်ရက်

ဆက်စပ် သတင်းများ

Most read