Homeပြည်တွင်းသတင်းငလျင်ဒဏ်သင့် မစိုးရိမ်တိုက်သစ်မှာ စာဝါစာအံပို့ချမှုတွေ ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်မည်

ငလျင်ဒဏ်သင့် မစိုးရိမ်တိုက်သစ်မှာ စာဝါစာအံပို့ချမှုတွေ ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်မည်

၁၆ ဇွန် ၂၀၂၅

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့မန္တလေးမြို့ မစိုးရိမ်တိုက်သစ် စာသင်သားတွေ ဝါဆိုအမီ ပြန် လည်ကြွရောက်နိုင်ပြီဖြစ်ကာ ဝါတွင်း ကာလ စာဝါစာအံမှုများ ပုံမှန်အတိုင်းပြန်လည် ပို့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ အသိပေးချက်ကို ဇွန်လ ၁၅ ရက်က မစိုးရိမ်တိုက်သစ်နာယကအဖွဲ့ကအသိ ပေးထားတာဖြစ်ပြီး၊ စာသင်သား သံဃာများရဲ့ နေ့ စဉ် ဆွမ်းကိစ္စအား မပြည့်စုံရင် နာယကအဖွဲ့က စီမံပေးမယ့်အပြင် သီတင်းသုံးရာမှာ ပြင်ဆင်ပြီးကျောင်းများနဲ့ ယာယီကျောင်းဆောင်များမှာ သည်းခံနေထိုင်နိုင်ကြရမယ်လို့ ဆိုပါတယ်။

ဝါတွင်းကာလ စာဝါစာအံပြုလုပ်မယ့် သံဃာတွေအနေနဲ့ ကျောင်းတိုက်ကိုပြန်လည်ရောက်တဲ့အခါ ကျောင်းတာ ဝန်ခံဘုန်းကြီးတွေထံ စာရင်းပေးသွင်းရမှာဖြစ်ပြီး ကျောင်းတာဝန်ခံ ဘုန်းကြီးတွေက တဆင့် နေရာချထားရေးကို စီမံပေးသွားမှာဖြစ်မယ်လို့ သိရပါတယ်။

လတ်တလောမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မစိုးရိမ်တိုက်သစ်အတွင်းက ကျောင်းဆောင်တွေကို ပြန်လည်တည်ဆောက်တာ မွမ်းမံပြင် ဆင်တာတွေဆောင်ရွက်နေသလို တိုက်သစ်မြောက်ဘက် သင်္ဂဇာချောင်းဘေးမြေကွက်လပ်မှာ ယာယီပင်မစာ သင်ကျောင်းဆောင်နဲ့အတူ ယာယီကျောင်းတွေကိုလည်း ပြန်လည်တည်ဆောက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သတဲ့ အင်အားပြင်း ငလျင်ကြောင့် မစိုးရိမ်တိုက်သစ်မှာ သီတင်းသုံးနေထိုင်နေတဲ့ သံဃာတော်အချို့ ထိခိုက်ဒဏ်ရာများရရှိသလို ပျံလွန်‌တော်မူတာတွေလည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ- မစိုးရိမ်တိုက်သစ်

ဆက်စပ် သတင်းများ

Most read