Homeပြည်တွင်းသတင်းငလျင်ဒဏ်သင့်မြန်မာအတွက် ထိုင်းရောက်မြန်မာတွေ မြန်မာနိင်ငံကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပြုတယ်ဆိုသော်လည်း ငွေဖြတ်တောက်မှုရှိ

ငလျင်ဒဏ်သင့်မြန်မာအတွက် ထိုင်းရောက်မြန်မာတွေ မြန်မာနိင်ငံကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပြုတယ်ဆိုသော်လည်း ငွေဖြတ်တောက်မှုရှိ

၃၀ မတ်၊၂၀၂၅

ငလျင်ဒဏ်သင့်မြန်မာကို အကူအညီပေးမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားတွေ ငလျင်ဒဏ်ခံနေရတဲ့ မြန်မာက မိသားစုဝင်တွေဆီကို အခမဲ့ဖုန်းခေါ်ဆိုခွင့်ကို မတ်လ ၂၉ ရက်နေ့က ထိုင်းအစိုးရက ခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။

ဒီခွင့်ပြုချက်အရ ထိုင်းရောက်မြန်မာတွေအနေနဲ့ ထိုင်းဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ မတ် ၃၁ ရက်အထိ ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ ထိုင်းနိုင်ငံပိုင် တယ်လီကွန်း ကုမ္ပဏီကနေ မတ် ၂၉ ရက်မှာ ထုတ် ပြန်ထားပါတယ်။

001 800 001ကို ခေါ်ဆိုပြီး ထိုင်းဘာသာစကားနဲ့ အလိုအလျောက် ဖြေကြားသံ(IVR)ကြားရင် 009 95 နောက်ကနေ မိမိခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ်ထည့်ပြီး ခေါ်ဆိုနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ညွှန်ကြားထားပါတယ်။

ဘီဘီစီသတင်းဌာနက ထုတ်ပြန်ထားရာမှာတော့ အဆိုပါလမ်းညွှန်ချက်အတိုင်းလုပ်ဆောင်ပြီး ခေါ်ဆိုရာမှာ လုပ်ဆောင်လို့မရပေမယ့် +959 နောက်မှာ မိမိခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ်ကို ရိုက်နှိပ်ခေါ်ဆိုကြည်ရာမှာ ဖုန်းခေါ်ဆိုခ ဖြတ်တောက်တာမရှိခဲ့ကြောင်းအသိပေးထားပါတယ်။

New Day Myanmar သတင်းဌာနက စမ်းသပ်ခေါ်ဆိုရာမှာတော့ ငွေဖြတ်တောက်တာကို တွေ့ရပါတယ်။

ဓာတ်ပုံ – social media

ဆက်စပ် သတင်းများ

Most read