ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မန္တလေးမြို့ ရှိ Sky Villa ကွန်ဒို အဆောက်အဦး ကနေ ဒီနေ့ ဧပြီလ ၂၄ ရက်မနက်ပိုင်းမှာ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီကနေ့မနက်ပိုင်း ၁၀နာရီ နဲ့ ၁၁ နာရီဝန်းကျင်မှာ ကွန်ဒို C နဲ့ D အဆောက်အဦး ကို ရှင်းလင်းရာမှာ ကလေးရုပ်အလောင်း ၁ လောင်း၊ အမျိုးသား ရုပ်အလောင်း ၃ လောင်းစုစုပေါင်း ရုပ်အလောင်း ၄ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
Sky Villa ကွန်ဒို ပြိုကျမှုမှာ ဒီနေ့အထိ ရှာဖွေတွေ့ရှိသယ်ထုတ်နိုင်တဲ့ ရုပ်အလောင်း ၁၂၇ လောင်းထိရှိလာပြီ ဖြစ်ပြီး အသက်ရှင်လျက်တော့ ၅၂ ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း၊သေဆုံးသူ ၁၂၇ ဦးရှိခဲ့ကြောင်းနဲ့ အမျိုးသား ၄၁ ဦး ၊ အမျိုးသမီး ၆၅ဦး ၊ ကလေး ၁၂ ဦး ၊ ကျားမ မခွဲခြားနိုင်တော့ သူ ၉ ဦး မီးသတ်တပ်ဖွဲ့ရဲ့စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – MFSD