Homeပြည်တွင်းသတင်းငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် NUG က ၂ ပတ်အပစ်ရပ်ထားပေမယ့် စစ်တပ်က ပေါက်မြို့နယ်ကို လေကြောင်းနဲ့တိုက်ခိုက်

ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် NUG က ၂ ပတ်အပစ်ရပ်ထားပေမယ့် စစ်တပ်က ပေါက်မြို့နယ်ကို လေကြောင်းနဲ့တိုက်ခိုက်

၃၀ မတ်၊ ၂၀၂၅

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ငလျင်ဘေးကြောင့် လက်ရှိပြည်တွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့် NUG အစိုးရက ၂ ပတ်အပစ်ရပ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပေမယ့် စစ်ကောင်စီက ပေါက်မြို့နယ်ကို ဒီကနေ့မှာ လေကြောင်းနဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဒီကနေ့ မတ်လ ၃၀ ရက် မနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းအတွင်းကို စစ်ရဟတ်ယာဉ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေကို စုံစမ်းနေဆဲ့ဖြစ်တယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ် ကူညီရေးနဲ့ ကယ်ဆယ် ရေး လုပ်ဆောင်နိုင်ဖို့ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ ၂ ပတ်ကြာ ထိုးစစ်တွေရပ်တန့်ကြောင်း မနေ့က ထုတ်ပြန်ထားပဲဖြစ်ပါတယ်။

ဓာတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

Most read