အင်အားပြင်းငလျင်ကြောင့် လူ ၁၄၀ ကျော်သေဆုံးခဲ့တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မတ်လ ၂၈ ရက်ညပိုင်းမှာ ပြောပါတယ်။
ငလျင်ကြောင့် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ၉၆ ယောက်၊ စစ်ကိုင်းမြို့မှာ ၁၈ ယောက်၊ ကျောက်ဆည်မြို့မှာ ၃၀ စုစုပေါင်း ၁၄၄ ယောက်သေဆုံးခဲ့ပြီး ၇၃၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူအရည်အတွက်ကတိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။ မြေပြင်မှာတော့ သေဆုံးသူ ထောင်ချီရှိနိုင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
ကူညီကယ်ဆယ်ရေးတွေလုပ်ကိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့ပူးပေါင်းပါဝင်ဖို့ စစ်ခေါင်းဆောင်က မေတ္တာရပ်ခံထားပါတယ်။
ပြည်ပအကူအညီတွေပေးနိုင်ဖို့ လမ်းဖွင့်ထားသလို APHA စင်တာကနေလည်းမနက်ဖြန်မှာ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေပို့ဖို့ရှိသလိုအိန္ဒိယနိုင်ငံကလည်း ကူညီကယ်ဆယ်ရေးပစ္စည်းတွေပို့ဖို့အတွက် ကမ်းလှမ်းထားချက်ကို ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။