Homeပြည်တွင်းသတင်းငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ နေပြည်တော်မှာ သင်္ကြန်ပွဲကျင်းပဖို့ စစ်ကောင်စီပြင်ဆင်ထား

ငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ နေပြည်တော်မှာ သင်္ကြန်ပွဲကျင်းပဖို့ စစ်ကောင်စီပြင်ဆင်ထား

ဧပြီ၊ ၂၀၂၅

အခုနှစ်သင်္ကြန်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မဏ္ဍပ်တွေ ဖျက်သိမ်းမှုပြုလုပ်နေပေမယ့် နေပြည်တော်ကမဏ္ဍပ်ကိုတော့ သံခင်းတမန်ခင်းအရ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ သင်္ကြန်မြို့တော်ဝန်မဏ္ဍပ်ကို ဧပြီ ၇ ရက်မှာ ဖျက်သိမ်းလိုက်တာဖြစ်ပြီး တနိုင်ငံလုံးမှာ သင်္ကြန်ပွဲတော်မကျင်းပတော့ ဖို့ စစ်ကောက်စီက ဆုံးဖြတ်လိုက်ပေမယ့် နေပြည်တော်မှာတော့ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ နေပြည်တော်အသိုင်းအ၀ိုင်းက သိရပါတယ်။

“သံခင်းတမန်ခင်းအရ သံရုံးကလူတွေနဲ့လုပ်မယ်လို့ သိရတယ်။”လို့ New Day Myanmar ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ထောင်ချီသေဆုံးခဲ့တာဖြစ်ပါတယ်။

အခုနှစ် သင်္ကြန်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်အဖြစ် ကျင်းပသွားမယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောထားပါတယ်။

ပုံစာ – ၂၀၂၂ ခုနှစ်က ပြင်ဦးလွင် DSA တွင်သင်္ကြန်ပွဲကျင်းပနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီးကြူကြူလှ

ဓါတ်ပုံ – Cincds

ဆက်စပ် သတင်းများ

Most read