Homeပြည်တွင်းသတင်းငလျင်ကြောင့် တနိုင်ငံလုံးဖုန်းလိုင်းအချို့နှင့် လျှပ်စစ်မီးပြတ်တောက်နေ

ငလျင်ကြောင့် တနိုင်ငံလုံးဖုန်းလိုင်းအချို့နှင့် လျှပ်စစ်မီးပြတ်တောက်နေ

၂၈ မတ်၊ ၂၀၂၅

တနိုင်ငံလုံး ဖုန်းလိုင်းအချို့နဲ့ လျှပ်စစ်မီးငလျင်ကြောင့်ပြတ်တောက်နေပါတယ်။

အင်အားပြင်းငလျင်ကြောင့် လျှပ်စစ်တာဝါတိုင်တွေ၊ဖုန်းတာဝါတိုင်တွေ ပျက်ဆီးသွားခဲ့တာကြောင့် လက်ရှိအချိန်ထိ မီးပြတ်တောက်နေသလို ဖုန်းလိုင်းပါ ဆက်သွယ်လို့မရတော့တာဖြစ်ပါတယ်။

ထို့ပြင် ငလျင်ကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းလည်း ပျက်စီးခဲ့သလို ယာဉ်မတော်တဆမှုတွေဖြစ်ပွားခဲ့ကာ သေဆုံးဒ‌ဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

” ကားသမားတော်လို့ဘာမှမဖြစ်တာ။ ကားကသွားနေတာ အရှိန်နဲ့။ ရုတ်တရက်ကြီးဘေးလမ်းကို ခါထွက်သွားတာ။ ကားဘီးပေါက်တယ်ထင်တာအစက။ ငလျင်လှုပ်တာလည်းဆိုရောအကုန်ဆင်းပြေးရတယ်။ တချို့ကားတွေဆိုမှောက်ကုန်တာ” လို့ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာသူတစ်ဦးကပြောပါတယ်။

အင်အား ရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ဟာ ကျောက်ဆည်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည် တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်တဲ့ နေရာတွေကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ကြေညာထားပါတယ်။

ဓါတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

Most read