Homeပြည်တွင်းသတင်းဂွမြို့သိမ်းတိုက်ပွဲမှာ တပ်မမှူး၊ တပ်ရင်းမှူးတွေအပါအဝင် စစ်သား၇၀၀ ထက်မနည်းသေဆုံးကြောင်း AA တရားဝင်ထုတ်ပြန်

ဂွမြို့သိမ်းတိုက်ပွဲမှာ တပ်မမှူး၊ တပ်ရင်းမှူးတွေအပါအဝင် စစ်သား၇၀၀ ထက်မနည်းသေဆုံးကြောင်း AA တရားဝင်ထုတ်ပြန်

၃၀ ဒီဇင်ဘာ၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူးတွေအပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံးပြီး သံချပ်ကာကားတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရရှိတယ်လို့ AA က ဒီဇင်ဘာ ၂၉ ရက်က တရားဝင်သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်က စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်တဲ့ ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တပ်ရင်းတို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်မှာ တပ်ရင်းနှစ်ရင်းလုံး သိမ်းပြီးကြောင်း အတည်ပြုပါတယ်။

ဂွအခြေစိုက်တပ်ရင်းတွေအပြင် ဂွမြို့ကို စစ်ကူလာတဲ့ တပ်မ ၆၆ လက်အောက်ခံ၊ ခမရ ၄ တပ်ရင်း၊ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၁၄ တပ်ရင်း၊ ခမရ ၂၁၅ တပ်ရင်း နဲ့ ခမရ ၂၁၇ တပ်ရင်း ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ ၃၆ တပ်ရင်း၊ ခလရ ၃၈ တပ်ရင်း၊ ခလရ ၉၃ တပ်ရင်း၊ ခလရ ၂၇၁ တပ်ရင်း နဲ့ ခမရ ၃၀၈ တပ်ရင်းတွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းများကို စစ်ဆေးချက်အရ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦး နဲ့ ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့က သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ ၁၀ စီး၊ စစ်ကူတပ်ရင်းတွေနဲ့ ခုခံပေမယ့် ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးရရှိတဲ့ တောင်ဘက်အကျဆုံး မြို့ဖြစ်ပါတယ်။

စစ်ကောင်စီက ဂွမြို့ကို အင်အား ၁၂၀၀ ကျော်နဲ့ ခုခံပေမယ့် ဗိုလ်မှူးကြီးသန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့ သေဆုံးပြီး စစ်သုံ့ပန်း ၇၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ စစ်သုံ့ပြန်တွေနဲ့ ရရှိထားတဲ့အချက်အလက်၊ စာရွက်တွေအရ သိရှိရကြောင်း AA က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – AA Info Desk

ဆက်စပ် သတင်းများ

Most read