Homeပြည်တွင်းသတင်းဂျော့ရှုဝါဗန် ချန်ပီယံဖြစ်တဲ့အပေါ် ရန်ကုန်မြို့ အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ဆို

ဂျော့ရှုဝါဗန် ချန်ပီယံဖြစ်တဲ့အပေါ် ရန်ကုန်မြို့ အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ဆို

ဒီဇင်ဘာ ၂၀၂၅

ရန်ကုန်မြို့ အမေရိကန်သံရုံးက ဂျော့ရှုဝါ ဗန် ချန်ပီယံဖြစ်တဲ့အပေါ်ဂုဏ်ပြုတယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၈ ရက်မှာ သူတို့ရဲ့သံရုံးစာမျက်နှာမှာ ရေးသားမျှဝေထားပါတယ်။

ဂျော့ရှုဝါဗန်ဟာ UFC လက်ဝှေ့ပွဲ Flyweight ပွဲစဉ်မှာအနိုင်ရပြီး ချန်ပီယံဖြစ်သွားတဲ့ မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား ဖိုက်တာ တဦးဖြစ်ပါတယ်။

သူဟာ မနေ့က ဒီဇင်ဘာ ၇ ရက်နေ့မှာ ဟာ UFC 323 ပြိုင်ပွဲရဲ့ ဒုတိယခေါင်ပွဲအစဉ်အဖြစ် ပန်တိုဂျာနဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပထမအချီမှာဘဲ ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့လို့ Flyweight ခါးပတ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။

ဂျော့ရှုဝါ ဗန်ဟာ အားကစားသမားဘဝ ၅ နှစ်တာ ကာလအတွင်း UFC ချန်ပီယံဖြစ်လာတာကို အသိအမှတ်ပြုရမှာဖြစ်တယ်လို့ အောင်လ ကလည်း ပြောထားပါတယ်။

ဓာတ်ပုံ-UFC

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး