၂၈ အောက်တိုဘာ၊၂၀၂၄
ဟိန္ဒူရိုးရာဝတ်စုံတွေနဲ့ရိုက်ကူးထားတဲ့ ဂျစ်ကားစီးဖူးသလား “ဂျာကစ် စာဘူးသရီး”ရုပ်ရှင်ကို လူ့မှုကွန်ယက်ကနေ ဝေဖန်ခဲ့တဲ့တဦး ပျောက်ဆုံးနေတယ်လို့ ပျောက်ဆုံးသူရဲ့မိတ်ဆွေအချို့ဆီက သိရပါတယ်ပါတယ်။
ရုပ်ရှင်ခေါင်းစဉ်ဟာ ရိုးရာ၊ ယဉ်ကျေးမှု၊ လူမျိုးစုတစ်ခုလုံးကို နှိမ့်ချတာဖြစ်တယ်ဆိုပြီး အောက်တိုဘာလ ၂၄ ရက်နေ့က ကိုဟာဆယ်ရွန်က သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာကတဆင့် ဝေဖန်ခဲ့တာဖြစ်ပါတယ်။
“နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်း ကို သိချင်ရင် အနုပညာလက်ရာကို ကြည့်တဲ့။ ခေတ်အဆက်ဆက် မျိုးနွယ်စု တခုချင်းစီကို ချိုးနှိမ်ပြီး ဟာသ လုပ်ထားသော ဒီရုပ်ရှင်ကားကို ကျွန်တော်မှ စတင်၍ ကန့်ကွက် ပါတယ်။”ဆိုပြီး သူ့ရဲ့လူမူကွန်ယက်စာမျက်နှာကနေအသိပေးထားပါတယ်။
ကိုဟာဆယ်ရွန်ဟာ အောက်တိုဘာလ ၂၆ ရက်နေ့က မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းမှာ အသံအလှူအတွက် စာအုပ်ဖတ်ဖို့ အပြင်ထွက်သွားပြီးနောက်ပိုင်း ပျောက်ဆုံးနေတာလို့သိရပါတယ်။
ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်လမ်းတိုတွေကို မိတ်ဆွေတွေနဲ့ အပျော်တမ်းရိုက်ကူးနေသူတဦးဖြစ်တဲ့ ကိုဟာဆယ်ရွန်ပျောက်ဆုံးနေကြောင်း ရဲစခန်းကို တိုင်ကြားထားတယ်လို့ သူ့မိတ်ဆွေတွေက အသိပေးထားပါတယ်။