Homeပြည်တွင်းသတင်းဂျာကစ်စာဘူးသရီး ရုပ်ရှင်ကို ကန့်ကွက်ကြောင်း မြန်မာဟိန္ဒူသမဂ္ဂထုတ်ပြန်

ဂျာကစ်စာဘူးသရီး ရုပ်ရှင်ကို ကန့်ကွက်ကြောင်း မြန်မာဟိန္ဒူသမဂ္ဂထုတ်ပြန်

၃၀ အောက်တိုဘာ၊၂၀၂၄

“ဂျစ်ကား စီးဖူးသလား ဂျာကစ်စာဘူးသရီး” ရုပ်ရှင်အနေနဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာအဝတ်အစားတွေကို ဝတ်ဆင်ပြီး အပျော်အပျက်သရုပ်ဖော်ထားတာ ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယမျိုးနွယ်စု ဟိန္ဒူနွယ်ဝင် အားလုံး ကိုယ်စား အပြင်းအထန် ကန့်ကွက်တယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ က ထုတ်ပြန်အသိပေးထားပါတယ်။

“တစ်ပါးသူတို့၏ ယဉ်ကျေးမှု အဆင်တန်ဆာ တန်ဖိုးများကို စံနှုန်းမထားဘဲ ဗရမ်းဗတာ လုပ်ကာ ဟာသ ပြုလုပ်ခြင်းသည် အရာမရောက်ဘဲ အလွန်ပင် အကျည်းတန်လှပေသည်။ ဟိန္ဒူ လူ့အဖွဲ့အစည်းအား ပြက်ရယ်ပြုကာ ဟာသဇာတ်ကားအဖြစ် သရုပ်ဖော်ပြသသော ဤ ရုပ်ရုင်ဇာတ်ကားသည် မိမိတို့၏ ယဉ်ကျေးမှုကို နိမ့်ချ လှောင်ပြောင်ရုံ သာမက ဟိန္ဒူ လူမျိုးစုတို့အား တိုက်ရိုက် စော်ကားလိုက်ခြင်းပင် ဖြစ်သည်။ ” လို့လည်း အောက်တိုဘာ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိုဇာတ်ကားကို ထုတ်လုပ်ဖြန့်ချိသူ နဲ့ ဇာတ်ကားအားခွင့်ပြုကြောင်း လက်မှတ်ထိုးပေးခဲ့တဲ့ စစ်တပ် အလိုတော်ရိ နှစ်ဘက်ခွ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ကိုလည်း ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။

“နောက်နောင်တွင် Minorities လူနည်းစုလူမျိုးများ၏ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် minorities လူမျိုးစုများအား တိုက်ရိုက်စော်ကားမှုများကို လုံးဝ လက်မခံ၊ ခွင့်ပြုမည်မဟုတ်ကြောင်းကို ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါသည်။”လို့လည်း မြန်မာဟိန္ဒူသမဂ္ဂက အသိပေးထားပါတယ်။

ယင်းဇာတ်ကား၏ အမည်နှင့် ပိုစတာတွင် ဝတ်စားဆင်ယင်ထားသည့် ဟိန္ဒူအအဝတ်အစားများသည် မျိုးနွယ်စုတစ်စုကို ချိုးနှိမ်ကာဟာသပြုလုပ်ထားခြင်းဖြစ်တာကြောင့် ကန့်ကွက်ကြောင်း ဟာဆယ်ယွန် အကောင့်အမည်နဲ့ လူမှုကွန်ရက်မှာ အောက်တိုဘာ ၂၄ရက်နေ့က ရေးသားခဲ့တဲ့ ကိုရှိုင်းထက်အောင်ဆို သူမှာလည်း ပျောက်ဆုံးနေပြီး လေးရက်ကြာသည်အထိ အဆက်အသွယ်မရသေးဘူးလို့လည်း သိရပါတယ်။

Photo – MHU

ဆက်စပ် သတင်းများ

Most read