Homeပြည်တွင်းသတင်းဂရိတ်ဝေါ ဟိုတယ်ကို ရှာဖွေကယ်ဆယ်ရေး ဆက်မလုပ်တာ့ဘဲ ဘူဒိုဇာဖြင့်ဖြိုချ

ဂရိတ်ဝေါ ဟိုတယ်ကို ရှာဖွေကယ်ဆယ်ရေး ဆက်မလုပ်တာ့ဘဲ ဘူဒိုဇာဖြင့်ဖြိုချ

ဧပြီ၊ ၂၀၂၅

အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်ဆီးခဲ့တဲ့ ခရိုနီဦးတင်မောင်ပိုင် ဂရိတ်ဝေါ ဟိုတယ်ကို ရှာဖွေကယ်ဆယ်ရေး ဆက်မလုပ်တာ့ဘဲ ဘူဒိုဇာနဲ့ဖြိုချလိုက်ပြီလို့ ဒေသခံက New Day Myanmar ကိုပြောပါတယ်။

ဂရိတ်ဝေါ ဟိုတယ်ကို မတ် ၃၁ ရက်ကတည်းက ရှာဖွေကယ်ဆယ်ရေးရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ကျန်ရစ်သူမိသားစုဝင်တွေက ရှာဖွေကယ်ဆယ်ရေးဆက်လုပ်ပေးဖို့ ဟိုတယ်ရှေ့မှာငိုယိုတောင်းပန်ခဲ့ပေမယ့် ဟိုတယ်တာဝန်ရှိသူတွေက အဝင်မခံဘူးလို့ ဆိုပါတယ်။

“မနေ့ကတည်းက ဖြိုချလိုက်တာ။ အဲဒီမှာ Dead body တွေထွက်လာတယ်။ တချို့ဆို အုပ်စုလိုက်လေးတွေဖြစ်နေတာရှိတယ်။ သူတို့ကျတော့မသေသင့်ပဲသေရတာ။ ကယ်ဆယ်ရေးစောင့်နေရင်းသေကုန်တာ။ လိုင်းပေါ်မှာ ကယ်ဆယ်ရေးတွေက ဘယ်လိုလုပ်နေပါတယ်ဆိုပြီးတတ်လာတာတွေက သတင်းအမှားတွေ။ မနေ့ကကျွန်တော်တို့သွားကြည့်တယ် အဝင်မခံဘူး။ အခုပြိုနေတယ့်အဆောက်အဦးတွေကို ဘူဒိုဇာနဲ့လိုက်ထိုးချတာ dead body တွေထွက်လာတာ မနည်းဘူး” လို့ မန္တလေးဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

မန္တလေးမှာ အင်အားပြင်းငလျင်ကြောင့် Sky Villa အပါအဝင် အဆောက်အဦးတော်တော်များများပြိုကျပျက်ဆီးခဲ့ပါတယ်။ အဆိုပါ ပြိုကျအဆောက်အဦ တွေကို ရှာဖွေကယ်ဆယ်ရေးတွေ သေချာမလုပ်နိုင်ပဲ ဖြိုချမှသာ Dead body တွေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၃၅၀၀ နီးပါးအထိရှိလာတယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပုံစာ – ဧပြီ ၆ ရက်က ဖြိုချပြီးသော ဂရိတ်ဝေါ ဟိုတယ်ကို တွေ့ရစဉ်

ဓါတ်ပုံ -Myanmar Kinan

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး