Homeပြည်တွင်းသတင်းဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူတွေရဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို မိသားစုဝင်တွေထံ ပြန်မပေး

ဂရိတ်ဝေါဟိုတယ်က ပိတ်မိသေဆုံးသူတွေရဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို မိသားစုဝင်တွေထံ ပြန်မပေး

၁၇ ဧပြီ၊ ၂၀၂၅

မန္တလေးမှာ ငလျင်ကြောင့် ပိတ်မိသေဆုံးသူတွေကို တဦး‌ကို နစ်နာကြေး သိန်း ၆၀ ပေးမယ်လို့ ပြောပေမယ့် အဆောက်အဦးအောက်မှာ ပိတ်မိပြီး သွားသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်ရှာခွင့်မပေးသလို သူတို့နဲ့ ပါသွားတဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း ပြန်ပေးတာမရှိဘူးလို့ သိရပါတယ်။

ဂရိတ်ဝေါဟိုတယ်ဟာ မတ် ၂၈ ရက်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျသွားခဲ့ပြီး အထဲမှာ ပိတ်မိနေသူ ၆၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဟိုတယ်ပိုင်ရှင်အနေနဲ့ ရှာဖွေကယ်ဆယ်ရေးတွေကို လုံးဝပေးမဝင်ဘဲ ငလျင်လှုပ်ပြီး ၂ ရက်အကြာမှာ ရှာဖွေမှုရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

“တစ်ယောက်ကို သိန်း ၆၀ နစ်နာကြေးပေးမယ်ပြောတယ်။ မယူတဲ့သူတွေရှိတယ်။ အဲဒီမှာမှ ခင်ပွန်းနဲ့သမီးနှစ်ဦးဆုံးရှုံးသွားသူက မယူဘူး။ ဟိုတယ်ဘက်ကို ခခယယတောင်းပန်ပြီး ရှာပေးဖို့ပြောတာတောင် မလုပ်ဘူးလေ။ တချို့က ကယ်ဆယ်ရေးနောက်ကျလို့ သေကြရတာ။ ရှာဖွေကယ်ဆယ်ရေးသမားတွေကိုလည်း ပေးမဝင်ဘူး။နစ်နာကြေးကိုမယူတဲ့သူက များတယ်” လို့ ဒေသခံတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ခင်ပွန်းနဲ့ သမီးတွေ ဆုံးရှုံးခဲ့သူ မနှင်းနှင်းရွှေကတော့ “Great wall Hotel ဟိုတယ်ဘက်က ကမ်းလှမ်းတဲ့ နစ်နာကြေး ကို ကျွန်မ မနှင်းနှင်းရွှေမှ လုံးဝ မယူပါကြောင်း၊ စဖြစ်သည့် အချိန်မှ စရျ် ဟိုတယ်ဘက်က သူတို့ သဘော ဆန္ဒအတိုင်း လုပ်ဆောင်နေပါသည်၊ ကျမအမျိုးသားနဲ့ကလေးတွေရှိတယ်နေရာအတိအကျလဲပြောပြခဲ့ပါတယ်။ သူတို့ CCTV မှာတွေ့ရနိုင်ပါတယ်။ ကျမပြောတဲ့အတိုင်းတွေ့ရပါတယ်ရှင့်။ ကယ်ဆယ်ရေးအတွက်လဲ သူတို့သတ်မှတ်ခဲ့သည့်နေရာမှာသာ လုပ်ဆောင်ခဲ့ရပြီး အမျိုးမျိုးသော အခြေအနေများကြားထဲက DB (လူသေ)တောင် အတိုက်အခိုက်များစွာကြားက မနဲ ရအောင် အပူများစွာထဲက ကိုယ်ထူကိုယ်ထကြိုးပမ်းခဲ့ရသည့်အတွက် ဘယ်သို့သောဖြေသိမ့်မှုမှ ကျွန်မကို မဖြေသိမ့်နိုင်ပါဘူး။ကျွန်မ ယောကျာ်းရဲ့ နောက်ဆုံး ချွေနည်းစာ ကျောက်တွေပါတဲ့ အိတ်ပဲပြန်လိုချငိပါတယ်လို့ ရအောင်ရှာပေးပါ လို့ဟိုတယ်ဘက်ကိုတောင်းဆိုခဲ့ပါတယ်။ လူလဲ ကယ်ခွင့်မရခဲ့ ယောက်််််ကျား​ချွေးနည်းစာအစစ်အလှူထပ်ပေးဖို့ ပါသွားတဲ့ လူလဲရှူံးပစ္စည်းလဲရှုံး အော် ဘယ်သို့သော လူမျိုးတွေနဲ့ ကြုံ နေရပါလား လောကကြီးရယ်။ ကျမအမျိုးသားနဲ့ ကလေးတွေရဲ့ နောက်ဆုံးခရီးကို ကျမလိုက်ပို့နေတော့ ပစ္စည်းကို အာရုံမစိုက်မိလိုက်ဘူး။ ကိစ္စတွေပြီးတော့ နောက်နေ့ ကျမဟိုတယ်သွားတော့ laggage အိတ်ထဲက အဝတ်အစား အချို့နဲ့ လက်ဆောင်ပေးမဲ့ ကျောက်စိမ်းပစ္စည်း အနည်းငယ်ပဲ ပြန်ရခဲ့တယ် တန်ဖိုးကြီးပစ္စည်း(ကျောက်စိမ်း)ကတော့ ပြန်မရခဲ့ပါဘူးရှင့်”လို့ Facebook လူမှုကွန်ရက်မှာရေးသားထားပါတယ်။

ဂရိတ်ဝေါဟိုတယ်ဟာ ကျားဖြန် လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့အတွက်ကြောင့် ကယ်ဆယ်ရေးတွေကိုပေးမဝင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောဆိုမှုတွေရှိနေပါတယ်။

မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးကြရာတွင် မန္တလေးမြို့ Great Wall Hotel လည်း ပါဝင်ခဲ့တဲ့အတွက် မတ်လ ၂၈ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့ အထိ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရာ အသက်ရှင်လျက်ကယ်ဆယ်နိုင်သူ ၉ ဦးနဲ့ ကွယ်လွန်သူ ၁၆ ဦး ရှိခဲ့တယ်လို့ ဟိုတယ်ဘက်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read