တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ် (၅၄) ကို ကျပ် ၂၇၀ ဘီလီယံနဲ့ လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက မတ်လ ၂၅ ရက်ရုံးချိန်းမှာ အမိန့်ချခဲ့ပါတယ်။
ဝယ်ယူမယ့်သူမရှိတာကြောင့် နောက်ဆုံးကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီလီယံကနေ ၂၇၀ ဘီလီယံအထိ ၂၇ ဘီလီယံ ဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တရားရုံးကို ထပ်မံတင်ပြထားတာ ဖြစ်ပါတယ်။
လေးကြိမ်မြောက်လေလံပွဲကို လာမယ့် ဧပြီလ ၂၉ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
အဆိုပါခြံကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ပထမအကြိမ်၊ ၃၀၀ ဘီလီယံနဲ့ ဒုတိယအကြိမ်၊ ၂၉၇ ဘီလီယံနဲ့ တတိယအကြိမ် လေလံတင် ရောင်းချခဲ့ပေမဲ့ ဝယ်ယူသူမရှိခဲ့ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဒီအိမ်နဲ့ ခြံကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားတာကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချတာတွေလုပ်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – Su Su (New Day Myanmar)