ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ဖန်သွန်ခရိုင်၊ ဘန်ကော ခရိုင်ခွဲက ကွန်ဒိုတခုရှေ့မှာ ဒီဇင်ဘာ ၁၃ ရက် ည ၁၁ နာရီလောက်က မြန်မာရွေ့ပြောင်းလုပ်သား ၁၀၀ နီးပါး ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဲ့ဒီဖြစ်စဉ်အတွင်း အနည်းဆုံး မြန်မာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး သတင်းတွေက ဖော်ပြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေရဲ့အဆိုအရ တယောက်က မာကြောတဲ့အရာနဲ့ ရိုက်နက်ခံရပြီး နောက်တယောက်ကတော့ ဓါးနဲ့အခုတ်ခံရတယ်လို့ ဆိုပါတယ်။
အခုလို အုပ်စုဖွဲ့ရိုက်နက်မှုကြောင့် ဒေသခံ တွေ ကြောက်လန့်ခဲ့ရပြီး ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ကတော့ တရားဥပဒေအတိုင်း အရေးယူနိုင်ဖို့အတွက် အနီးနားက CCTV မှတ်တမ်းတွေကို စစ်ဆေးနေပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


