Homeပြည်တွင်းသတင်းချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံက ဟိုတယ်တွေ Booking တင်တာကို အကန့်အသတ်မဲ့ ပိတ်ထား

ချောင်းသာ၊ ငွေဆောင်နဲ့ ရွှေသောင်ယံက ဟိုတယ်တွေ Booking တင်တာကို အကန့်အသတ်မဲ့ ပိတ်ထား

၂၄ ဇန်နဝါရီ ၊ ၂၀၂၅

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ထဲက နေရာတချို့မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဧရာ၀တီတိုင်းထဲအထိ တိုက်ပွဲတွေရောက်လာတာကြောင့် အဲ့ဒီဒေသအနီးက ကမ်းခြေတွေမှာ ဟိုတယ်တွေ Booking တင်တာကို ပိတ်သိမ်းထားတယ်လို့ ဟိုတယ်တွေဆီက စုံစမ်းသိရပါတယ်။

ဇန်နဝါရီ ၁၆ ရက် ညပိုင်း လောက်ကစတင်ပြီး အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ပါတိုက်ခိုက်မှုဗတွရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ချောင်းသာနှင့်ငွေဆောင်ခရီးစဉ်ကို ခရီးသွားတွေဘက်ကဖျက်သိမ်းတာရှိသလို ခရီးသွားအေဂျင်စီတွေဘက်ကလည်း ဖျက်သိမ်းခဲ့ပါတယ်။

အခုတော့ အဲ့ဒီကမ်းခြေတွေမှာ ဟိုတယ် Booking စနစ်တွေကို ယာယီပိတ်သိမ်းပြီး Booking လက်ခံတာတွေမရှိတော့ဘူးလို့ ဟိုတယ် တွေဆီက သိရပါတယ်။

“ဟိုတယ်ကတော့ ဖွင့်ပါတယ်။ Booking တင်တာတွေ တော့ လက်မခံတော့ပါဘူး။ ဘယ်အချိန်မှ ပြန်ဖွင့်မယ်ဆိုတာလည်း မပြောနိုင်သေးပါဘူး။”လို့ ချောင်းသာက ဟိုတယ်တခုရဲ့ တာဝန်ရှိသူ တဦးက New Day Myanmar ကိုပြောပါတယ်။

ဧရာဝတီတိုင်းရေကြည်မြို့နယ်၊ ချင်းစုရွာအနီးမှာ AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်နေတယ်လို့ AA ကလည်း ဇန်နဝါရီ ၂၁ က ထုတ်ပြန်ထားပါတယ်။ လက်ရှိစစ်ဖြစ်ပွားနေတဲ့ ဘောမိရွာနဲ့ ချောင်းသာကမ်းခြေမှာ နီးကပ်နေတဲ့အတွက် ချောင်းသာရွာထဲမှာလည်း ဒေသခံနည်းနည်းသာကျန်တော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်စပ် သတင်းများ

Most read