Homeပြည်တွင်းသတင်းချစ်လင်းမြိုင်ကုမ္ပဏီအပါအဝင် စောချစ်သူ၊ တင်ဝင်းနဲ့ ဗိုလ်မုတ်သုန်တို့ကို ဥရောပသမဂ္ဂပိတ်ဆို့ အရေးယူ ကြောင်း ထုတ်ပြန်

ချစ်လင်းမြိုင်ကုမ္ပဏီအပါအဝင် စောချစ်သူ၊ တင်ဝင်းနဲ့ ဗိုလ်မုတ်သုန်တို့ကို ဥရောပသမဂ္ဂပိတ်ဆို့ အရေးယူ ကြောင်း ထုတ်ပြန်

၃၀ အောက်တိုဘာ၊ ၂၀၂၄

မြန်မာနိုင်ငံရှိ အခြေအနေနဲ့ပတ်သတ်ပြီး အရေးယူပိတ်ဆို့မှုဆုံးဖြတ်ချက်ကို ဥရောပသမဂ္ဂက ပြန်လည်ပြင် ဆင်တယ်လို့ ဆိုပြီး လူပုဂ္ဂိုလ် ၃ ဦးနဲ့အဖွဲ့အစည်းတစ်ခုကို ပိတ်ဆို့အရေးယူမယ့်အကြောင်း ဆုံးဖြတ်ချက်ကို အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးစိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် ဆုံးဖြတ်ချက် ၂၀၁၃/၁၈၄/CFSP ရဲ့ နောက်ဆက်တွဲအနေနဲ့ လူသုံးဦးနဲ့ အဖွဲ့အစည်းတစ်ခုကို ဘက်ပေါင်းစုံက ပိတ်ဆို့မယ့်စာရင်းမှာ ထည့်သွင်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရေးယူခံရမယ့် စာရင်းမှာ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ ဖြစ်ပါတယ်။

စစ်တပ်နဲ့ ဆက်နွယ်ပတ်သတ်ပြီး စီးပွားရေးအရ အမြတ်ထုတ်နေတဲ့ နယ်ခြားစောင့်တပ်ကတာဝန်ရှိသူ ၃ ဦးနဲ့ ကုမ္ပဏီ ၁ ခုကို EU က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီး ဖြစ်ကြောင်း ဒီလူတွေဟာ မြန်မာလူထုနဲ့ ဒေသတွင်း က တခြားနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လိမ်လည်မှုနဲ့ ရာဇဝတ်မှုများ ကျူးလွန်နေတယ်လို့ သိရပါတယ်။

EU က ပိတ်ဆို့အရေးယူလိုက်တဲ့ မြ၀တီမြို့နယ်က ချစ်လင်းမြိုင်အုပ်စု (CLM) နှင့် တည်ထောင်သူ ဥက္ကဌ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ တို့ဟာ ရွှေက္ကိုလ်မြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ နယ်အတွင်း လိမ်လည်လှည့်စားသည့် အွန်လိုင်းလိမ်လည်မှုများစွာ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကနေ ငွေကြေးအရ အမြတ်အစွန်းရနေကြောင်း၊ ဗိုလ်မှူးကြီးစောချစ်သူရဲ့ပိုင်နက်နေရာတွေမှာ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေကျူးလွန်ရာနေရာဖြစ်တယ်လို့ ဆိုပါတယ်။

အဓမ္မလုပ်အားခိုင်းစေမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ အပါအဝင် ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး ချစ်လင်းမြိုင်ကုမ္ပဏီက အကြမ်းဖက် စစ်တပ်နဲ့ စီးပွားရေးအရလည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်ကို သတင်းပေးတာ၊ စစ်တပ်အတွက်လူစုဆောင်းပေးတာတို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စောချစ်သူအပြင် ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကိုလည်း EU ကဒဏ်ခတ်ပိတ်ဆို့လိုက်ပြီး သူတို့ နှစ်ဦးကလည်း မြဝတီမြို့အနီးက ရွှေက္ကိုလ်၊ KK Park Project နဲ့ Huanya Project လို အွန်လိုင်း လိမ်လည်မှု ဗဟိုစင်တာတွေအတွက် လုပ်ကိုင်ပေးနေပြီး ဒီရာဇဝတ်လုပ်ငန်းတွေကနေ အကျိုး အမြတ်ရ နေတယ်လို့ ဆိုပါတယ်။

EU အနေနဲ့ မြန်မာနိုင်ငံအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည့် အွန်လိုင်းလိမ်လည်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆုံးဖြတ်ချက်ကို ပြသဖို့အတွက် အရေးယူမှုတွေကို လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

EU ဟာ မြန်မာနိုင်ငံမှာ အဆက်မပြတ်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေကို လေးနက်စွာ စိုးရိမ်ပူ ပန်နေပြီး စစ်တပ်က ကျူးလွန်နေတဲ့ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ ညှင်းဆဲမှု နဲ့ လိင်အခြေခံ အကြမ်း ဖက်မှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်းကြောင်းနဲ့ လူထုခေါင်း ဆောင် တွေ၊လူ့အခွင့် အရေး ကာကွယ်သူတွေ၊ သတင်းသမားတွေကို ဖမ်းဆီးတာ၊ တိုင်းရင်းသားလူနည်းစုနဲ့ ဘာသာရေးမတူသူလူနည်း စုတွေကို ဖမ်းဆီးတာကိုလည်း ဆန့်ကျင်တယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။

Photo – JFM

ဆက်စပ် သတင်းများ

Most read