ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ Dhara Dhevi ဟိုတယ်မှာ ဧပြီ ၂၃ ရက် ဒီကနေ့မနက်ပိုင်းက မီးလောက်မှု ဖြစ်ပွားခဲ့တယ်လို့ The Nation သတင်းမှာဖော်ပြလာမှုအရ သိရပါတယ်။
ဒီကနေ့ မနက် ၁ နာရီ၊ မိနစ် ၅၀ လောက်မှာ ဟိုတယ်မီးလောင်တဲ့သတင်းကို သက်ဆိုင်ရာက သိရှိခဲ့တာ ဖြစ် ကြောင်းနဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းအတိအကျကို အတည်မပြုနိုင်သေးသလို ပျက်စီးဆုံးရှုံးမှု အတိုင်း အတာနဲ့ ထိခိုက်သေဆုံးမှုအခြေအနေတွေကို အတည်မပြုနိုင်သေးဘူးလို့သိရပါတယ်။
ကြယ်ငါးပွင့်အဆင့်ရှိ Dhara Dhevi ဟိုတယ်အတွင်း အခန်းပေါင်း ၁၂၃ ခန်းပါဝင်တယ်လို့သိရပြီး လန်နာခေတ် က သမိုင်းဝင်ဗိသုကာလက်ရာတွေကို ထင်ဟပ်ခံစားနိုင်ဖို့ ဒီဇိုင်းရေးဆွဲခဲ့ပြီး ဘတ်ငွေ ၃ ဘီလီယံနဲ့ ချင်းမိုင် ခရိုင်မှာ ၂၀၀၂ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – The Nation