Homeအထူးသတင်းချင်းမိုင်မြို့ရဲ့ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆိုးဆုံး အဆင့် (၅) နေရာ ရောက်ရှိလာ

ချင်းမိုင်မြို့ရဲ့ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆိုးဆုံး အဆင့် (၅) နေရာ ရောက်ရှိလာ

၅ မတ်လ ၂၀၂၆ | New Day Myanmar

ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့မှာ ဒီနေ့ မတ်လ ၅ ရက် မနက်ပိုင်း လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့လေထုအရည်အသွေး အဆိုးရွားဆုံးမြို့ကြီးတွေရဲ့ အဆင့် (၅) နေရာအထိ ရောက်ရှိသွားပြီး ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အဆင့် ဖြစ်နေပါတယ်။

ဒီနေ့မနက် တိုင်းတာချက်တွေအရ လေထုထဲက PM2.5 ဖုန်မှုန့်ပါဝင်မှုနှုန်းဟာ သတ်မှတ်စံနှုန်းထက် အများကြီးကျော်လွန်နေပြီး “ကျန်းမာရေးအတွက် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးရှိတဲ့အဆင့်” (US AQI 169) အထိ မြင့်တက်လာတာပါ။

အခုလို လေထုညစ်ညမ်းရတာဟာ ချင်းမိုင်နဲ့ အနီးနားဒေသတွေမှာ မီးရှို့မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အပူဒဏ်အချက်အချာနေရာ (Hotspots) တွေ ဆက်တိုက်ဆိုးရွားနေလို့ဖြစ်ပြီး မီးခိုးမြူတွေနဲ့ ဖုန်မှုန့်တွေက တစ်မြို့လုံးကို ဖုံးလွှမ်းထားပါတယ်။

အထူးသဖြင့် ဆန်ပါတောင် (San Pa Tong) မြို့နယ်ဟာ လေထုအညစ်ညမ်းဆုံး ဖြစ်နေပြီး ချင်းမိုင်ခရိုင်အတွင်းက မြို့နယ်တိုင်းမှာလည်း လေထုအရည်အသွေးဟာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် ချင်းမိုင်မြို့ခံတွေအနေနဲ့ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှား အားကစားလုပ်တာတွေကို ရှောင်ကြဉ်ဖို့နဲ့ အိမ်ထဲမှာလည်း လေသန့်စင်စက်တွေ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အဆိပ်သင့်ဖုန်မှုန့်အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အပြင်ထွက်ရင် နှာခေါင်းစည်း (Mask) တွေကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ကြဖို့လည်း သက်ဆိုင်ရာက အထူးသတိပေး နှိုးဆော်ထားပါတယ်။

ဓါတ်ပုံ – The Nation

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး