Homeပြည်တွင်းသတင်းချင်းမိုင်ခရိုင်အတွင်း ရေကြီးရေလျှံဖြစ် ပွားခဲ့တာကြောင့် ၃ ဦး အသက်ဆုံးရှုံး ၁၀ ဦး ဒဏ်ရာရ

ချင်းမိုင်ခရိုင်အတွင်း ရေကြီးရေလျှံဖြစ် ပွားခဲ့တာကြောင့် ၃ ဦး အသက်ဆုံးရှုံး ၁၀ ဦး ဒဏ်ရာရ

၂၇ ဩဂုတ်၂၀၂၅

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မဲ့ကျဲမ်မြို့နယ်၊ မဲ့ဆစ်အုပ်စု၊ ပန်အုံကျေးရွာမှာ ‌ရေကြီးပြီး‌ မြေပြိုကျခဲ့တာကြောင့် ဆယ်ကျော်သက် မိန်းကလေးငယ်တဦးအပါ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းမီဒီယာ PR Chaing Mai ရဲ့သ တင်းဖော်ပြချက်အရ သိရပါတယ်။

ကာဂျီကီမုန်တိုင်းသက်ရောက်မှုကြောင့် ယနေ့ ဩဂုတ် ၂၇ ရက်နေ့၊ နံနက်ပိုင်းက မိုးရွာသွန်းပြီးနောက်မှာ မြေပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူနေအိမ် ၇ လုံးလည်းပြိုသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူတွေကို ခွန်ယွမ်ဆေးရုံနဲ့ မယ်ချန်ဆေးရုံကို ပို့ ဆောင်ထားပြီး ဒဏ်ရာပြင်ထန်တဲ့၂ဦးကတော့ ၂ ဦးကတော့အသက်ရှူရခက်ခဲနေပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ PR Chaing Mai ဖော်ပြထားပါတယ်။

ဒီမြေပြိုမှုဟာ မနေ့က အပူပိုင်းမုန်တိုင်း ကာဂျီကီ (Kajiki)ကြောင့် မိုးသည်းထန်ခဲ့ပြီး ပန်အုံကျေးရွာက လူနေအိမ်တွေကိုရေဝင်ရောက်ပြီးနောက် ယနေ့မှာ မြေပြိုကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ကာဂျီကီမုန်တိုင်းကြောင့် ထိုင်းနိုင်ငံအတွင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့၊ တာ့ခ်၊ ဆုခိုထိုင်း၊ ဥတရာဒစ်စဲ့ ခရိုင်တွေမှာ မိုးသည်းထန်နေတဲ့အတွက် တောင်ကျချောင်းရေကို သတိထားဖို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ယနေ့မှာ ထုတ်ပြန်သတိပေးထားပါတယ်။

ဓာတ်ပုံ – PR Chaing Mai

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး