Homeပြည်တွင်းသတင်းချင်းမိုင်က ဘန်ကောက်ကို ရထားနဲ့သွားမယ့် တရားမဝင်ဝင်ရောက်သူ မြန်မာ၁၃ ဦးဖမ်းဆီးခံရ

ချင်းမိုင်က ဘန်ကောက်ကို ရထားနဲ့သွားမယ့် တရားမဝင်ဝင်ရောက်သူ မြန်မာ၁၃ ဦးဖမ်းဆီးခံရ

၁၆ ဇန်နဝါရီ၊ ၂၀၂၅

ဇန်နဝါရီလ ၁၅ ရက်က ထိုင်းမြန်မာနယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာပြီး ချင်းမိုင်က ဘန်ကောက်ကို ရထားနဲ့ သွားဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေက ချင်းမိုင်ဘူတာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေဟာ တာချီလိတ်မယ်ဆိုင် လမ်းကြောင်းကတဆင့် ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ ပစ်ကပ်ကားတွေနဲ့ ချင်းမိုင်မြို့ကို ရောက်ရှိလာတာ ဖြစ်ပြီး ချင်းမိုင်ကနေ ဘန်ကောက်ကို ရထားလမ်းနဲ့သွားဖို့ ဘူတာမှာ စောင့်နေတုန်း ထိုင်းလဝက ရဲတွေက သတိပြုမိပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ တနေ့ထက် တနေ့ပိုပြီး ဆိုးဝါးလာတဲ့ စီးပွားရေးအကြပ်အတည်း၊ လက်နက်ကိုင်ပဋိပက္ခနဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအကြပ်ဖမ်းဆီးစစ်မှုထမ်းခိုင်းတာတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီကို တရားဝင်ရော ၊ တရားမဝင်လမ်းကြောင်းတွေကပါ လာရောက်နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – Chaing Mai News

ဆက်စပ် သတင်းများ

Most read