Homeပြည်တွင်းသတင်းချင်းတွင်းမြစ်ရေ တက်လာနိုင်တာကြောင့် မြစ် ကြောင်းတစ်လျှောက် မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုရန်လို ဟုဆို

ချင်းတွင်းမြစ်ရေ တက်လာနိုင်တာကြောင့် မြစ် ကြောင်းတစ်လျှောက် မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိပြုရန်လို ဟုဆို

၂၁ ဇွန် ၊ ၂၀၂၅

ဧရာဝတီမြစ်ဖျား‌ဒေသနဲ့ ချင်းတွင်းမြစ်ဖျားဒေသတွေမှာ ယခုလ ဇွန်လ ၂၁ ရက်ကနေ ဇူလိုင် ၂ ရက်အထိ မိုးရေချိန်များနိုင်တာကြောင့် မြစ်ရေမြင့်တက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောထားပါတယ်။

လတ်တလော စစ်ကိုင်းတိုင်းအထက်ပိုင်း ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနေ တာဖြစ်ပြီးချင်းတွင်း မြစ်ရေတက်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနေထိုင်သူတွေ သတိပြုနေထိုင်ကြ ဖို့ဒေသတွင်း မိုးလေဝသ စောင့်ကြည့်သူတွေကလည်း အသိပေးနှိုးဆော်ထားတာတွေ့ရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မိုး/ဇလရဲ့ မြစ်ရေတိုင်းတာချက်တွေအရ ချင်းတွင်းမြစ်ရေဟာနောက် ၂၄ နာရီအတွင်း ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ် အောက် ၁၁၈၇ စင်တီမီတာ သို့ ရောက်ရှိနိုင်သလို ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက်၂၇၈၇ စင်တီမီတာသို့ ရောက်ရှိလာနိုင်တယ်လို့ အသိပေးထား ပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်ကြောင်းတလျှောက် မြို့တွေဖြစ်တဲ့ ဖောင်းပြင်၊ မော်လိုက် ၊ ကလေးဝ ၊ မင်းကင်း ၊ ကနီနှင့် မုံရွာမြို့တွေမှာ စိုးရိမ်ရေမှတ်အောက် ၉၀၀ ကျော်မှ ၆၀၀ကျော် အထိတက်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လာမယ့် ဇူလိုင် ၁ ရက်ကနေ ဩဂုတ် ၃၁ ရက် မိုးလယ်ကာလအတွင်းမှာလည်း မြစ်ကြီးတွေမြစ် ရေမြင့်တက်တတ်တဲ့ ကာလဖြစ်တာကြောင့် မိုးလေဝသဌာနတွေကနေ နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ မြစ်ရေအခြေအနေတွေကို သတိထားစောင့်ကြည့်ဖို့လိုအက်တယ်လို့ ဦးဝင်းနိုင်က ဆိုထားပါတယ်။

ဓာတ်ပုံ – google

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး