Homeပြည်တွင်းသတင်းချင်းတော်လှန်ရေးလက်နက်ကိုင် ၁၈ ဖွဲ့စုပေါင်းပြီး ဘုံရန်သူ စစ်တပ်ကို တိုက်ထုတ်သွားမယ်လို့ဆို

ချင်းတော်လှန်ရေးလက်နက်ကိုင် ၁၈ ဖွဲ့စုပေါင်းပြီး ဘုံရန်သူ စစ်တပ်ကို တိုက်ထုတ်သွားမယ်လို့ဆို

၂၀ ဇွန် ၊ ၂၀၂၉

ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာစုဖွဲ့ပြီး ဘုံရန်သူ စစ်တပ်ကို တော်လှန်တိုက်ထုတ်သွားမယ်လို့ ချင်းလက်နက်ကိုင် အဖွဲ့ ၁၈ ခုက ဇွန်လ ၁၉ ရက် မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိချင်းပြည်အတွင်း ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအကြား မကြာခဏ အ ချင်းချင်း ပွတ်တိုက်မှုဖြစ်ခြင်း ၊ အငြင်းပွားမှုများတွင် လက်နက်ဖြင့် ဖြေရှင်းအဖြေရှာရန် ကြိုးပမ်း ခြင်း၊ လက်နက် ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူများအကြား စည်းလုံးညီညွတ်မှု အားနည်းလာခြင်း တို့သည် ပြည်သူ့ တော်လှန် ရေးခရီးအား နှောင့်နှေးမှေးမှိန်သွားစေနိုင်သည့်အပြင် ချင်းလူမျိုးများ၏ တော်လှန်ရေးရည် မှန်းချက်ပန်းတို င်လည်း ကျရှုံးသွားနိုင်ကြောင်း သတိပေးထားပါတယ်။

ထို့ကြောင့် အချင်းချင်းအကြား နားလည်မှုလွဲမှားစေသော အပြော အဆို နဲ့ အပြုအမူများအားလုံးကို ရှောင်ရှား၍ ဘုံရန်သူကိုသာ ပထမဦးစားပေး တော်လှန်တိုက်ပွဲဆင်ကြရန်နှင့် ချင်းပြည် အတွင်းရှိ နယ်မြေဒေသ/မျိုးနွယ်စု အရေးများကို တော်လှန်ရေးကာလအလွန်တွင် နိုင်ငံရေးနည်းလမ်းဖြင့်သာ အဖြေရှာကြရန် ဖိတ်ခေါ်တယ်လို့လည်း ဆိုထားပါတယ်။

ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာ စုဖွဲ့ပြီး ဘုံရန်သူကို တော်လှန်တိုက်ထုတ်ရန် ၊ ချင်းလူမျိုးနှင့် ပိုင်နက်နယ်မြေများကို ခုခံကာကွယ်စောင့် ရှောက်ကြရန် နှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး ၊ ချင်းပြည်တည်ဆောက် ရေးအတွက် ချင်းပြည်သူ လူထု နှင့်အတူ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ကြရန် အဆင်သင့်ရှိကြောင်း ချင်းတော်လှန်ရေးအဖွဲ့ ၁၈ ခုက ပူးတွဲ ထုတ်ပြန်ကြေညာထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး