Homeဗွီဒီယိုချက်နိုင်ငံ၊ပရာ့ဂ်မြို့က"သံရုံးများပွဲတော်"မှာစစ်ကောင်စီရဲ့သံရုံးပြခန်းဆန္ဒပြခံရ၊ပြခန်းပိတ်ထွက်ပြေး

ချက်နိုင်ငံ၊ပရာ့ဂ်မြို့က”သံရုံးများပွဲတော်”မှာစစ်ကောင်စီရဲ့သံရုံးပြခန်းဆန္ဒပြခံရ၊ပြခန်းပိတ်ထွက်ပြေး

ချက်နိုင်ငံ၊ ပရာ့ဂ်မြို့မှာ ဇွန်လ ၈ ရက်က “သံရုံးများပွဲတော်” ကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ မြန်မာသံရုံးလည်း ပြခန်းဖွင့်လှစ်ပြသခဲ့ပါတယ်။

စစ်ကောင်စီရဲ့ပြခန်းရှေ့မှာ ချက်နိုင်ငံက မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ Igor Blazevic အပါအဝင် တက်ကြွလှုပ်ရှားသူတွေက မြန်မာသံရုံးပြခန်းရှေ့မှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုတွေ အကြောင်း ရှင်းပြထားတဲ့ ပိုစတာတွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ ပြခန်းက လူတွေဟာ ပြခန်းကို ပိတ်ပြီး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးရဲ့ ပြခန်းရှေ့ နေပူထဲမှာ တက်ကြွလှုပ်ရှားသူတွေက ၆ နာရီကြာ ဆန္ဒပြနေတဲ့အတွက် မြန်မာသံရုံးက ရဲကို အကြောင်း ကြားပြီး ဆန္ဒပြသူများကို ဖယ်ရှားခိုင်းခဲ့ပေမယ့် ချက်ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ဆက်ပြီး ဆန္ဒပြခွင့်ပြုတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံး ရဲ့ ပြခန်းမှာ ပိတ်သိမ်းပြီး ပြခန်းက လူတွေ ထွက်ပြေးသွားကြောင်းနဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးရဲ့ ပြခန်းကို လာရောက်ကြည့်ရှုသူ နည်းပါးတဲ့အကြောင်း သိရပါတယ်။

ဆက်စပ် သတင်းများ

Most read