Homeပြည်တွင်းသတင်းခရိုနီတေဇရဲ့ သမီးရေချယ်တေဇ အကြောင်းဖော်ပြထားတဲ့ စာမျက်နှာ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း ဝဘ်ဆိုက်ကနေ က ဖယ်ရှားခံရ

ခရိုနီတေဇရဲ့ သမီးရေချယ်တေဇ အကြောင်းဖော်ပြထားတဲ့ စာမျက်နှာ အီတလီထိပ်တန်းဖက်ရှင်မဂ္ဂဇင်း ဝဘ်ဆိုက်ကနေ က ဖယ်ရှားခံရ

၁၈ ဇူလိုင် ၂၀၂၅

ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်သော Vogue Italia မှာ မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) အကြောင်းဖော်ပြထားတဲ့ အွန်လိုင်း စာမျက်နှာကို Vogue Italia website က ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Vogue Italia မိခင်ကုမ္ပဏီ Condé Nast ထံ Justice For Myanmar က စာပို့ပြီးနောက် အခုလိုဖယ်ရှားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ခရိုနီတေဇ ရဲ့သမီးဖြစ်သူ ရေချယ်တေဇ ဟာ ထူးအုပ်စုမှာ တာဝန်ရှိသူဖြစ်တဲ့ အပြင်၊ မြန်မာစစ်အုပ်စုရဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ထူးအုပ်စုကနေ အမြတ်အစွန်းတွေ ရရှိနေသူဖြစ်တယ်လို့ ဆိုပါတယ်။

ရေချယ်တေဇ ဟာ အီတလီနိုင်ငံ၊ မီလန်မြို့တွင် နေထိုင်လျက်ရှိနေပြီး အီတလီမှာ နေထိုင်စဉ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တည်ထောင်ခဲ့တဲ့ ကုမ္ပဏီအသစ်တွေ အပါအဝင် ထူးအုပ်စုရဲ့ အဓိက ကုမ္ပဏီ ၇ ခုမှာ ဒါရိုက်တာအဖြစ် ဆောင်ရွက်နေဆဲဖြစ်ပြီး ရှယ်ယာတွေလည်း ဆက်လက်ပိုင်ဆိုင်နေတယ်လို့ သိရပါတယ်။

ရေချယ်တေဇ ဟာ မီလန်မှာရှိတဲ့ ဖက်ရှင်ဒီဇိုင်းကျောင်းက ဘွဲ့ရခဲ့ပြီး ထူးကုမ္ပဏီအုပ်စုက ဘဏ္ဍာရေးအထောက်အပံ့တွေရရှိခဲ့တယ်လို့ ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အီတလီအာဏာပိုင်တွေအနေနဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အသက်ဝင်လည်ပတ်အောင် ကြပ်မတ်ဆောင်ရွက်မှု အားနည်းတာတွေက ရေချယ်တေဇကို တရားမဝင်၊ ဥပဒေနဲ့မညီတဲ့ စစ်အုပ်စုအတွက် ဘဏ္ဍာငွေပေးအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အီတလီနိုင်ငံကနေ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရေချယ်တေဇနဲ့ ၎င်းရဲ့မိသားစုတွေဟာ မြန်မာစစ်တပ်ရဲ့ အဆုံးအစမဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထူးကုမ္ပဏီအုပ်စုမှတဆင့် … အားပေးကူညီခဲ့ပြီး၊ မြန်မာပြည်သူလူထု အသက်သွေးချွေးတွေပေါ်ကနေ အကျိုးအမြတ်တွေ ရရှိခဲ့ကြပါတယ်။ရေချယ်တေဇကို အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့အညီ တရားဥပဒေရှေ့မှောက်မှာ တာဝန်ခံစေသင့်ပါတယ်။”လို့ပြောပါတယ်။

ဆက်လက်ပြီး သူက “အီတလီ နိုင်ငံအနေနဲ့ ၎င်းအပါအဝင် အခြားမည်သည့်မြန်မာခရိုနီကိုမှ ၎င်းတို့ရဲ့ သွေးစွန်းစီးပွားရေးလုပ်ငန်းတွေကို အီတလီမြေပေါ်ကနေ မလုပ်ဆောင်နိုင်စေရေး ကြီးကြပ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။အီးယူအပါအဝင် အခြားအစိုးရတွေအနေနဲ့ ကုမ္ပဏီကွန်ရက်တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ပိုမိုအားကောင်းပြီး၊ မဟာဗျူဟာကျကျ ညှိနှိုင်းဆောင်ရွက်ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့.. အားကောင်းခိုင်မာတဲ့ အရေးယူ ဆောင်ရွက်မှုတွေကတဆင့် စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက် ရရှိနေမှုတွေကို ပိတ်ဆို့နိုင်ရေး ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။”လို့ပြောပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး