Homeပြည်တွင်းသတင်းခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို သတ်ဖြတ်ခဲ့သူတွေကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ် ၂၀ ချမှတ်

ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို သတ်ဖြတ်ခဲ့သူတွေကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ် ၂၀ ချမှတ်

၁၅ ဇူလိုင် ၂၀၂၅

ကတ်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဖာသာဒေါ်နယ်မာတင်ကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့သူတွေကို ဇူလိုင်၁၀ ရက်နေ့ကအလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ် (၂၀)ချမှတ်စီ ချမှတ်ခဲ့တယ်လို့ ရွှေဘိုမြို့နယ်ထဲက ဖာသာဒေါ်နယ်မာတင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အဲဒီဖြစ်စဉ်ကျူးလွန်သူတွေဟာ ရွှေဘိုဒေသခံကာကွယ်ရေး တပ်ဖွဲဝင်တွေဖြစ်တဲ့ တိုက်ကော(ခ)ဝင်းဇော်ဦးပါ (၈)ဦးကိုပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ အခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ လ ၁၄ ရက်နေ့မှာ ကတ်သလစ်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ကိုဖမ်းဆီးသတ်ဖြဝ်ခဲ့ကြတာဖြစ်ပါတယ်။

ကျူးလွန်သူတွေကို အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၅ က ဖမ်းဆီးထိန်းသိမ်း စစ်ဆေးပြီးနောက် ၅ လအကြာမှာ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ကတ်သလစ်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်ရဲ့ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတ်ဖြတ်မှု ကျူးလွန်တဲ့နေ့မှာ သံသယတရားခံ ၁၀ ဦးကို ကနဦးဖမ်းဆီးထိန်းသိိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

ဓာတ်ပုံ- ကတ်သလစ်ဘုန်းတော်ကြီး ဖာသာဒေါ်နယ်မာတင်

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး