Homeပြည်တွင်းသတင်းခရစ်စမတ်ဆုတောင်းအနေနဲ့ လီဗာပူးအသင်းကစားသမား ဂျွန်ကိုကိုလေးဆိုသူက PNOပြည်သူ့စစ်ခေါင်းဆောင်ကိုEmail ပေးပို့တယ်လို့ ဝါဒဖြန့်

ခရစ်စမတ်ဆုတောင်းအနေနဲ့ လီဗာပူးအသင်းကစားသမား ဂျွန်ကိုကိုလေးဆိုသူက PNOပြည်သူ့စစ်ခေါင်းဆောင်ကိုEmail ပေးပို့တယ်လို့ ဝါဒဖြန့်

၂၆ ဒီဇင်ဘာ ၂၀၂၅

ခရစ်စမတ်ဆုတောင်းအနေနဲ့ လီဗာပူးအသင်းကစားသမား ဂျွန်ကိုကိုလေးဆိုသူက PNO ပြည်သူ့စစ်ခေါင်းဆောင် ခွန်စံလွင်ဆီကို Email ပေးပို့တယ်လို့ ဓာတ်ပုံတစ်ပုံနဲ့ PNO ပြည်သူ့စစ်ရဲ့ဖေ့စ်ဘွတ်ဝါဒဖြန့်စာမျက်နာကနေ ဖော်ပြထားပါတယ်။

ခွန်စံလွင်က PNO ဥက္ကဌဖလားဘောလုံး

ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းလို့ဆိုပြီး န်ုင်ငံခြားသားတစ်ဦးက ပအိုဝ်းဒေသ နောင်ကားရွာကိုလာခဲ့ဖူးကြောင်းနဲ့ နောင်ကားဘောပွဲကို လာရောက်အားပေးခဲ့သလို လစ်ပါဗူးအသင်းကတောင် အံ့ဩသွားရတယ်လို့ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။

သူ့အပြောကို လူထုကဝေဖန်နေချိန်မှာ ခွန်စံလွင်က ခရစ်စမက်နေ့မှာ ဓာတ်ပုံနဲ့ တကွ ခုလိုဝါဒဖြန့်လာတာပါ။

အခုဖော်ပြထားတဲ့ ဓာတ်ပုံထဲက လီဗာပူးလ်အင်္ကျီနဲ့တစ်ယောက်ဟာ ဂျွန်ကိုကိုလေးလို့ ခွန်စံလွင်ကပြောဆိုထားပြီးလီဗာပူးအသင်းသမိုင်းမှာ‌ရော လက်ရွေး စင်လူငယ်အသင်းနဲ့ အကယ်ဒမီအသင်းမှာပါ ဂျွန်ကိုကိုလေးဆိုတဲ့နာမည်မရှိတာကို ‌စုံစမ်းသိရှိရပါတယ်။

လီဗာပူးအသင်းရဲ့ တရားဝင်ဝက်ဆိုဒ်မှာ ရှာဖွေရာမှာလည်း ဂျွန်ကိုကိုလေးဆိုတာမရှိတာကို တွေ့ရပါတယ်။

အရင်က နိုင်ငံခြားသားတစ်ဦးက PNO ဆီမှာ သူ့ကိုယ်သူ လီဗားပူးလ်ကစား သ မားဆိုပြီး လာလိမ်လည်ခဲ့ဖူးပြီး၊ PNO က စတီဗင်ဂျာရတ်အတွက်ဆိုပြီးလက် ဆောင်အများအပြားပေးခဲ့သေးကြောင်း နဲ့ လာရောက်ခဲ့တဲ့ နိုင်ငံခြားသားကစား သမားအတွက် စရိတ်ဟုဆိုတာ မြန်မာငွေ ကျပ် ၁၀ သိန်း ပေးခဲ့တဲ့ကိစ္စဟာ ပအိုဝ်းလူမျိုးတွေကြားမှာ နာမည်ကြီးခဲ့ဖူးတယ်လို့ ဒေသတွင်းသတင်းတစ်ခုက ဖော်ပြထားပါတယ်။

၂၀၀၂ခုနှစ်က ကာလတန်ဘိုးအရဆိုရင် ငွေကျပ် ၁၀သိန်းဆိုတာ ရွှေ ၅ ကျပ်သားတန်ဖိုးရှိခဲ့ပြီး ၊PNO အဖွဲ့ဟာ ၂၀၀၂ ခုနှစ်က အပစ်ရပ်ထားတဲ့ကာလဖြစ်ပြီး ၂၀၀၉ခုနှစ်မှာပြည်သူ့စစ်အဖြစ်အသွင်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး