Homeပြည်တွင်းသတင်းခရစ္စမတ်နေ့မှာ သံတွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

ခရစ္စမတ်နေ့မှာ သံတွဲကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

၂၆ ဒီဇင်ဘာ ၂၀၂၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ အမှတ် ၅ တိုက်နယ်၊ ရပ်ရှည်ရွာကို စစ်ကော်မရှင်တပ်က လေကြာင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံးသွားတယ်လို့​ ဒေသခံတွေကဆိုကြပါတယ်။

အဲဒီ ရပ်ရှည်ရွာကို ခရစ္စမတ်ပွဲတော်ကာလ ဒီဇင်ဘာလ ၂၅ ရက်၊ နေ့လည် ၁၂ နာရီ ၄၈ မိနစ်အချိန်က စစ်ကော်မရှင်တပ်ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်လာတဲ့အသက်ငါးဆယ်ငါးနှစ်အရွယ် ဒေါ်နော်စေးရေဖော သေဆုံးခဲ့တယ်လို့ ဆိုကြပါတယ်။

အဲဒီပေါင် ၅၀၀ ဗုံးနှစ်လုံးဟာ ရပ်ရှည်ရွာအရှေ့ဘက်ရော်ဘာခင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနီးအနားမှာရှိနေတဲ့ ဒေါ်နော်စေးရေဖောမှာ ညာဖက်လက်ပြင်မှ ရင်အုံဖောက်ထွက်သွားပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေအပါအဝင် သူတို့ထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ်တွေရှိ ပြည်သူတွေကို နေ့စဥ်ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။

အဲဒါကြောင့် အာရက္ခဒေသအတွင်းနေ မိဘပြည်သူတွေလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းလက်နက်ကြီး၊ ဒရုန်းတွေတိုက်ခိုက်မှုရန်ကို အရင်ထက် ပိုမိုသတိထားကြဖို့ စစ်ရေးသတိအပြည့်အဝနေ့ ၊ ညအချိန်မရွေးသတိရှိကြဖို့ အာရက္ခတပ်တော်က အထူးအသိပေးတိုက်တွန်းထားပါတယ်။

Photo -APM

News – BNA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး