၁၈ ဇန်နဝါရီ၊ ၂၀၂၅
ခင်ဦးမြို့နယ် ရွှေကူတဲစုကျေးရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကောင်းထိုး ဝင်ရောက် မီးရှို့ဖျက်စီးခဲ့တာကြောင့် နေအိမ် ၈ လုံ မီးလောက်ပျက်စီးခဲ့ရတယ်လို့ ခင်ဦးမြီု့နယ် သတင်းအမှန် ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
ခင်ဦးမြို့နယ် အနောက်ခြမ်း ပျဉ်ထောင်ပျူစောထီးရွာအခြေချ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်း အင်အား၅၀ဝန်းကျင်ခန့်ဟာ ဇနန်နဝါရီလ ၁၇ ရက် မနက် ၅နာရီဝန်းကျင် ပျဉ်ထောင်ပျူရွာ အရှေ့ဘက်ရှိ ရွှေကူ တဲစုကျေးရွာအတွင်းကို လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး လူနေအိမ်(၈)လုံးကိုလည်း မီးရှို့ဖျက် ဆီး ထားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ပျဉ်ထောင်ပျူများနဲ့ စစ်ကောင်စီတပ်သားတွေမှာ ရွှေကူတဲစုကျေးရွာမှ ပြည်သူတစ်ဦး ၏ အလှုမင်္ဂ လာရှင်ပြုပွဲကို လာရောက်ဖျက်ဆီးပြီး ရိက္ခာယူလာရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အလှုပွဲအား ဖျက်ဆီးသွား သည့်အပြင် အလှူအိမ်အနီးဝန်ကျင်ရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်-၈လုံးအပြင် မကြာ သေးမီက ရိတ်သိမ်းထားသော စပါးအတင်းရေ ရာချီလည်း ပျက်စီးခဲ့ရကြောင်း အတည်ပြုသိရှိရတယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ပြီး အဆိုပါ ပျဉ်ထောင်စောထီးတွေနဲ့ စစ်ကောင်စီ တပ်သားတွေဟာ နံနက်-၇နာရီဝန်းကျင် အချိန် တွင် ပျဉ်ထောင်ပျူရွာအတွင်းပြန်လည်ဝင်ရောက်ခဲ့ကြပြီး ရွှေကူတဲစုကျေးရွာမှ ဒေသခံတွေအနေနဲ့လည်း ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ဖို့ကြိုးစားနေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး