စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားကိုးဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားတယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ ၂၇ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
ခင်ဦးမြို့နယ် အရှေ့ဘက်ခြမ်း၊ မြေနီလျှိုကျေးရွာအနီးကို ဒီဇင်ဘာလ ၂၇ ရက်၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်က စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားအပြစ်မဲ့ပြည်သူတွေStar linkဆိုင်၊ ထမင်းဆိုင်၊ စားဖွယ်စုံနဲ့ဆိုင်ခန်းတွေ၊ လမ်းကြောင်းပိတ်ဆို့မှုတွေကြောင်း ရပ်နားထားရတဲ့ ခရီးသွားကုန်စည်ကား၊ ဆီသယ်ကားတွေနဲ့ ဆီဘောက်ဆာကားတွေကို ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ အရပ်သားပြည်သူကိုးဦးသေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရသွားသလို ဆီဘောက်ဆာ၊ ဆီသယ်ကားနဲ့ကုန်စည်ကား စုစုပေါင်းကိုးစီး မီးလာင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခင်ဦးမြို့နယ်ကဒေသခံပြည်သူတွေအပါအဝင် စစ်ဘေးရှောင်တွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ခွဲခြားတာမဟုတ်ပဲ ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့် ပြည်သူတွေသတိထားကြဖို့ အသိပေးထားပါတယ်။
ဓာတ်ပုံ-ခင်ဦးမြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
News – BNA


