Homeပြည်တွင်းသတင်းကွတ်ခိုင်မြို့ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအ၀င် ၆ ဦးသေဆုံး

ကွတ်ခိုင်မြို့ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအ၀င် ၆ ဦးသေဆုံး

၃၀ ဇူလိုင် ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု ၆ ဦးသေဆုံးခဲ့ပြီး ၇ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ဇူလိုင် ၃၀ ရက် မနက် ၁ နာရီအချိန်ခန့်က ကွတ်ခိုင်မြို့၊ ရပ်ကွက် ၂ က ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့အမျိုးသား ၄ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၄ ဦး ထိမှန်ဒဏ်ရာရှိခဲ့ကာ နေအိမ် ၂ အိမ်၊ တည်ခိုးခန်းအဆောက်အဦးတချို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုလအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနဲ့ မိုးကုတ်မြို့နယ်တွေမှာ လေကြောင်းနဲ့ စုစုပေါင်း ၂၈ ကြိမ် ဗုံးကျဲချတိုက်ခိုက်ခဲ့လို့

များလာရောက်ကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး၊ အမျိုးသား ၁၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၄ ဦး၊ အမျိုးသား ၃၅ ဦးနဲ့ အမျိုးသမီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး