Homeပြည်တွင်းသတင်းကွတ်ခိုင်မြို့မှာ မိုင်းနင်းမိပြီး ကလေးငယ် ၂ဦးသေ၊ ၂ဦး ဒဏ်ရာရ

ကွတ်ခိုင်မြို့မှာ မိုင်းနင်းမိပြီး ကလေးငယ် ၂ဦးသေ၊ ၂ဦး ဒဏ်ရာရ

၆ ဖေဖော်ဝါရီ၊ ၂၀၂၅

ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာက မိုင်းနင်းမိပြီး ကလေးငယ် (၄)ဦး မိုင်းထိခဲ့ပြီး ၂ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၂ရက် နံနက် ၁၁နာရီခွဲက ကလေးငယ်တွေ ချောင်းအတွင်းငါးသွားဖမ်းနေတုန်း လက်လုပ်မိုင်း နင်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ (၂)ဦးက အသက်(၄)နှစ်အရွယ် လွေးအေးနွေနဲ့ အသက် (၅)နှစ်အရွယ် မိုင်းအနိုင်တို့ဖြစ်ပြီး အသက် (၉)နှစ်အရွယ် မိုင်းထွန်းအောင်နဲ့ အသက် (၈)နှစ်အရွယ် မိုင်းအညို့ တို့ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရရှိသူတွေကို ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ TNLA ကထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်ခဲ့တဲ့ ရှမ်းမြောက်ဒေသတွေမှာ စစ်ကျန်မိုင်းတွေကြောင့်အရပ်သားသေဆုံးထိခိုက်မှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။

TNLA အနေနဲ့ မိုင်းအပါအဝင် စစ်ကျန် လက်နက်ခဲယမ်းတွေရဲ့အန္တရာယ် သတိပြုမိဖို့ မကြာခဏထုတ်ပြန်ပေးထားပြီး လက်နက်ခဲယမ်းတွေ တွေ့ရှိခဲ့ရင် သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ အသိပေးထားပါတယ်။

ဓာတ်ပုံ – Citizen

ဆက်စပ် သတင်းများ

Most read