Homeပြည်တွင်းသတင်းကွတ်ခိုင်မြို့မှာ စစ်ကောင်စီက အရပ်သားနေအိမ်တွေပေါ် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံံး ၇ လုံးကျဲချ

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီက အရပ်သားနေအိမ်တွေပေါ် လေကြောင်းကနေ ပေါင် ၅၀၀ ဗုံံး ၇ လုံးကျဲချ

၆ သြဂုတ်၊ ၂၀၂၄

ကွတ်ခိုင်မြို့မှာ စစ်ကောင်စီက လေကြောင်းက ဗုံးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဒေသခံ (၅) ဦးသေဆုံးခဲ့ပြီး (၄) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဗုံးကျဲတိုက်ခိုက်မှုကြောင့် နေအိမ် (၅) လုံးနဲ့ မြို့မစျေးက ဆိုင်ခန်းတချို့လည်း မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်

သြဂုတ် (၅) ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ကင်းထောက်လေယာဉ်တွေက ညနေ (၃:၀၅) မှာ တကြိမ် (၃:၁၁) မှာ တကြိမ်၊ (၃:၂၀) မှာတကြိမ်၊ (၃:၃၀)မှာ တကြိမ် ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံး(၇) လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့လယ် လမ်းဆုံမှာ တနေရာ၊ ကွတ်ခိုင်မြို့မစျေးနဲ့မြို့အတွင်းကိုကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသား(၃)ဦးနဲ့ မြို့လယ်က ဒေသခံ(၂)ဦး စုစုပေါင်း(၅)ဦး သေဆုံးသွားခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ပါတယ်။

ဗုံးကျရောက်မှုကြောင့် နေအိမ် (၅) လုံးထက်မနည်း၊ ဆိုင်ခန်းများလည်း မီးလောင်ပျက်စီးသွားခဲ့ပြီး PSLF/TNLA ရဲ့ ကွတ်ခိုင်မြို့နယ် မီးသတ်တပ်ဖွဲ့က အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၇) ရက်နေ့မှာလည်း MNDAA ထိမ်းချုပ်ထားတဲ့ သိန္နီမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၇) ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်းလောက်ကိုင်ဆေးရုံကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ

Most read