Homeပြည်တွင်းသတင်းကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံး၊ (၁၃)ဦး ထိခိုက်ဒဏ်ရာရ

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံး၊ (၁၃)ဦး ထိခိုက်ဒဏ်ရာရ

၁၈ နိုဝင်ဘာ ၊ ၂၀၂၄

TNLA ထိန်းချုပ်နယ်မြေ ကွတ်ခိုင်မြို ရပ်ကွက် (၄)ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၇ရက်နေ့ ည (၁၁း၄၇)အချိန်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ် တစ်ဦးနနဲ့ အမျိုးသမီး (၂)ဦး သေဆုံးသွားခဲ့သလို အမျိုးသား (၇)ဦး၊အမျိုးသမီး (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာလ (၁၇)ရက်နေ့ကလည်း မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁ ရက်နေ့ကလည်း ကွတ်ခိုင်မြို ရပ်ကွက်(၂)မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခဲ့နေတာကြောင့် လူထိခိုက်သေဆုံးမှုရှိတဲ့ အပြင် ပြည်သူပိုင်နေအိမ်တွေလည်း ထိခိုက်ပျက်စီးရှုးဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိရန်လို အပ် ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့လည်း TNLA က အသိပေးထားပါတယ်။

ပုံစာ – ကွတ်ခိုင်မြို့ကို ရပ်ကွက်(၃)ကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ထားပုံ

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read