ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၊ ရှမ်းပြည် နယ် တောင်ကြီးမြို့နယ်နဲ့လွိုင်လင်မြို့နယ်တို့မှာ ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပခဲ့ ရွေးကောက်ပွဲ(ပထမပိုင်း)မှာ ပြည် ကြံ့ဖွံံ့ပါတီဟာလွှတ်တော်သုံးရပ်နေရာစလုံး ရှုံးနိမ့်ခဲ့တယ်လို့ မဲရုံးများရဲ့မဲစာရင်းရေတွက်မှုတွေအရ သိရပါတယ်။
“တချို့မြို့နယ်တွေက နိုင်နေပြီထင်ရာကနေ ရှုံးတာ၊ နယ်ဘက်က မဲတွေတက်လာတော့ ရှုံးတာ။”လို့ ကြံ့ဖွံံ့ပါတီနဲ့ နီးစပ်သူတဦးက New Day Myanmar ကိုပြောပါတယ်။
ဒါ့အပြင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး နဲ့မွန် ပြည်နယ် ချောင်းဆုံမြို့နယ်တို့မှာလည်း ကြံ့ဖွံံ့ပါတီဟာ ပြိုင်ဘက်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေမှာ ရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။
မဲရုံများရဲ့ မဲစာရင်းရေတွက်မှုများအရ စစ်တပ်ရဲ့ ရွေးကောက်ပွဲ(ပထမပိုင်း)ရဲ့ မဲရလဒ်တွေကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ပါတီတွေက အနိုင်အရှုံးအခြေ အနေကို အနီးစပ်ဆုံးသိရှိထားပေမယ့် စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတော့ မဲစာရင်း အနိုင်အရှုံးရလဒ်ကို အသိပေးထုတ်ပြန်ထားတာမရှိ သေးပါဘူး။


