Homeပြည်တွင်းသတင်းကျွန်းလှမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် နှစ်ပတ်အတွင်း ဒေသခံ ၂ သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

ကျွန်းလှမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုကြောင့် နှစ်ပတ်အတွင်း ဒေသခံ ၂ သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရ

၆ ဒီဇင်ဘာ ၊၂၀၂၄

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာ ၄ ရက်အထိ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံ ၂ သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်မှာ ကျွန်းလှမြို့နယ် ကုက္ကိုကုန်းရွာက တိုက်နယ်ဆေးရုံမှာ တပ်စွဲထားပြီး ၆၀ မမ ဗုံးသီးနဲ့ ဒရုန်းသုံးပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ကုက္ကိုကုန်းရွာရဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေကိုလည်း ဂျက်ဖိုက်တာနဲ့ နိုဝင်ဘာ ၂၀ ရက်က နှစ်ကြိမ်၊ ၂၁ ရက်က နှစ်ကြိမ်၊ ၂၂ ရက်က Mi-35 နဲ့ နှစ်ကြိမ်၊ ၂၄ ရက်က Mi35 လေးကြိမ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့်နဲ့ ဒရုန်းသုံး တိုက်ခိုက်တာတွေကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးလည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ၂ သောင်းနီးပါးဟာ ကျွန်းလှမြိုနယ်အတွင်းက ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ်၊ ကန့်ဘလူမြိုနယ်က လက်ခုပ် ပင်ရွာ၊ ကောလင်းမြိုနယ်အတွင်းက ရွာသစ်၊ အောင်ချမ်းသာ၊ ပေတပင် စတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယခုအချိန်မှာ ဒေသအတွင်း သီးနှံရိပ်သိမ်းချိန်ဖြစ်တာကြောင့် ဒေသခံတွေမှာရွှေနဲ့ ငွေကြေး စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေက စစ်ကြောင်းထိုး မီးရှို့ကာ လုယက်ပြီး အဆိုပါရရှိတဲ့ ရွေငွေတွေနဲ့ အချို့သော ပျူစောထီး တွေရဲ့ မိသားစုတွေ ချမ်းသာကြွယ်ဝလာကြတယ်လို့လည်း ဒီဇင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

Photo – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဆက်စပ် သတင်းများ

Most read