ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ထဲမှာ ကျောင်းသား ၁၇ ယောက်ကို လိင်ပိုင်ဆိုင်ရာစောကားခဲ့တဲ့ ကျောင်းဆရာကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်အနှစ် ၄၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဇူလိုင် ၃၁ ရက်မှာ ပဲခူးခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်ပြီးကျောင်းသားတွေကို မုက္ကလရွာ အလက(ခွဲ) ကျောင်းဆရာသက်ဇော်အောင်ကကျူးလွန်ခဲ့ဖြစ်ပါတယ်။
ဖြစ်စဥ်ဟာ၂၀၂၄ နှစ်ကုန်ပိုင်းကနေ ဇန်နဝါရီလအတွင်း ပဲခူးမြို့နယ် မုက္ကလကျေးရွာမှာဖြစ်ပွားခဲ့တာဖြစ်ပြီးကျောင်းသား ၁၇ ယောက်ကို လိင်ပိုင်းဆိုင်ရာအလိုမတူဘဲ အဓမ္မကျင့်ခဲ့တာဖြစ်ပါတယ်။
ပဲခူးတိုင်း၊တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှာလည်း အသက် ၅ နှစ်အရွယ်မိန်းကလေးကိုမွေး စားပြီး အသက်သေဆုံးတဲ့အထိ နှိပ်စက် အဓမ္မပြုကျင့်ခဲ့တဲ့ မွေးစားမိဘနှစ်ဦးကို ထောင်ဒဏ်တသက်လွတ်ရက်မရှိပြစ်ဒဏ်နဲ့ ထောင်ဒဏ် ၂၇ နှစ်ကျခံစေဖို့ တောင်ငူခရိုင်တရားရုံးက အမိန့်ချမှတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။


