Homeပြည်တွင်းသတင်းကျောင်းသားဗီဇာတွေအတွက် အင်တာဗျူးအားလုံး ဆိုင်းငံ့ထားဖို့ သံရုံးတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့် ညွှန်ကြား

ကျောင်းသားဗီဇာတွေအတွက် အင်တာဗျူးအားလုံး ဆိုင်းငံ့ထားဖို့ သံရုံးတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့် ညွှန်ကြား

၂၈ မေ၊၂၀၂၅

အမေရိကန်မှာ ကျောင်းသားဗီဇာ လက်ခံဖို့ အင်တာဗျူးနေတဲ့ အစီအစဉ်တွေကို အမေရိကန် သံရုံးအားလုံး ဆိုင်းငံ့ထားကြဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ကျောင်းသားဗီဇာတွေ၊ နှစ်နိုင်ငံ ပညာရေး ဖလှယ်မှုဆိုင်ရာ သဘောတူညီချက်နဲ့ ခေါ်ယူတဲ့ ဧည့်ကျောင်း သားဗီ ဇာတွေ အတွက် အင်တာဗျူးမယ့် အစီအစဉ်တွေကို နောက်ထပ် ညွှန်ကြားချက်အသစ် ထွက်ပေါ်မလာမချင်း ဆိုင်းငံ့ထားရမယ်လို့ သံရုံးတွေဆီ အမိန့်ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန် အစိုးရက မေလ ၂၇ ရက်နေ့မှာ အမေရိကန် သံရုံး အားလုံးဆီ ပေးပို့လိုက်တဲ့ ညွှန်ကြားချက်ဟာ ချက်ချင်း အသက်ဝင်မှာဖြစ်ကြောင်းနဲ့ အစိုးရရဲ့ အမိန့်ကြောင့် သံရုံးတွေဟာ နိုင်ငံခြား ကျောင်းသားတွေကို လက်ခံဖို့ အင်တာဗျူး ခေါ်ယူတွေ့ဆုံမယ့် ကိစ္စတိုင်းကို ရပ်ဆိုင်းထားရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီ တားမြစ်ချက်ဟာ ဗီဇာ လုပ်ငန်းစဉ်တွေကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေသလို ဝင်ငွေအတွက် နိုင်ငံတကာ ကျောင်းသားတွေအပေါ် ကြီးကြီးမားမား မှီခိုနေတဲ့ အမေရိကန် တက္ကသိုလ်တွေကိုလည်း အထိနာ စေမှာ ဖြစ်ကြောင်းနဲ့ ဒီကိစ္စဟာ ထရမ့်ရဲ့ အစိုးရနဲ့ အမေရိကန်ရဲ့ သက်တမ်းအရင့်ဆုံး၊ ဘဏ္ဍာရေး အင်အား အတောင့်တင်းဆုံး ပညာရေးဌာနဖြစ်တဲ့ ဟားဗက်တက္ကသိုလ်တို့ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ပေါ်ပေါက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေးပို့တဲ့ ညွှန်ကြားချက်ထဲမှာတော့ ကျောင်းသားဗီဇာ လျှောက်ထားမှုတွေကို ပိုပြီး အသေးစိတ် စစ်ဆေးမှုတွေ လုပ်ဆောင်စေမယ် ဆိုတာကို ပါရှိပြီး လျှောက်ထားသူတွေက လူမှုကွန်ရက် မီဒီယာပေါ်မှာ ဘယ်လို အကြောင်းအရာတွေ ဝေမျှထားသလဲ ဆိုတာတွေကိုပါ စောင့်ကြည့် စစ်ဆေးတာတွေ လုပ်ဆောင်သွားစေမယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

Most read