Homeပြည်တွင်းသတင်းကျောက်မဲ နဲ့ မိုးကုတ် မြို့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၀) ဦးဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း (၇၀)ကျော် သိမ်းဆည်းရမိ

ကျောက်မဲ နဲ့ မိုးကုတ် မြို့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၂၀) ဦးဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း (၇၀)ကျော် သိမ်းဆည်းရမိ

၃၀ ဇူလိုင်၊၂၀၂၄

ကျောက်မဲမြို့နဲ့ မိုးကုတ်မြို့တိုက်ပွဲတွေအတွင်း တအာင်းတပ်မတော် TNLA တပ်မှ စစ်ကောင်စီတပ်သား (၂၀) ဦးကို စစ်သုံပန်းအဖြစ် ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း (၇၀)ကျော် သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့မှာ တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲပြင်းစွာထန်ဖြစ်ပွားနေပြီး စကစတပ်ရဲ့ တပ်မ (၁၁)၊ ခမရ (၅၀၁) တပ်စခန်းတွေက စစ် ကောင်စီရဲ့ လက်နက် (၃၇)လက်နဲ့ စစ်အသုံး အဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ TNLA က ဇူလိုင်လ ၂၉ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီထံမှ သိမ်းဆည်းရမိထားတဲ့ လက်နက်တွေကတော့ MA1 (၉)လက်၊ MA2 (၂)လက်၊ MA3 (၁၅)လက်၊ MA11 (၆)လက်၊ M22 (၁)လက်၊ RPG (၁)လက်၊ ၄၅ မမ (၁)လက်၊ ၆၀မမ (၁)လက်၊ Pistol (၁)လက်အပြင် စကားပြောစက်၊ ကျည်ဆံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် မိုးကုတ်မြို အနောက်ပိုင်းရှိ ဖြူရောင်ကုန်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ် သားတွေကို တအာင်းတပ်မတော် TNLA က လိုက်လံရှင်းလင်းရာ စစ်သုံပန်း (၂၀)ဦး ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း (၂၃) လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး မိုးမိတ်မြို့နယ်အတွင်းက လက်ကျန်စစ်ကောင်စီတပ်စခန်းတွေကူိ တအာင်းတပ်မတော် TNLA က လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးကုန်းမှ သေနတ်(၈)လက်၊ RPG (၁)လက်၊ ငါးကျည်းမြှီး (၁)လက်၊ ၆၀မမ ပြောင်းတို (၁)လက်၊ ၆၀မမ ပြောင်းရှည် (၁)လက်၊ ၈၁ မမ နောက်ပွင့် (၁)လက် စုစုပေါင်း (၁၃)လက် သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

လက်ရှိ အချိန်အထိလည်း ကျောက်မဲ၊မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read