ရှမ်း/မြောက် ကျောက်မဲမြို့ကို စဈ်ကာ်မရှင်တပ်တွေက မီးလောင်ဗုံးတွေသုံးပြီး သာလွန်အင်အားတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဒီကနေ အောက်တိုဘာ ၂ ရက်မှာ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၂၉ ရက်ကနေ ဒီကနေ့အချိန်အထိ လေ ကြောင်းကနေ ဗုံးတွေကြဲချတိုက်ခိုက်နေသလို မီးလောင်ဗုံးတွေနဲ့ တိုက်ခိုက်နေတာကြောင့် မြို့တွင်းမှာရှိတဲ့ နေရာတချို့အပြင် မီးသတ်ရုံး၊ သစ်တောရုံးနဲ့ ရဲစခန်တွေမီးလောင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် ကျောက်မဲဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြဖို့နဲ့ တိုက်တွန်းထားသလို ရှောင်းတိမ်းနေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“ကျောက်မဲမြို့မှာက လူတွေမရှိသ လောက် ထွက်ပြေးနေကြတယ်။ အရင်က နောင်ပိန်ကို တိမ်းရှောင်နေပေမဲ့ အခုနောင်ပိန်ကလည်းစိတ်မချရလို့ ရှမ်းတောင်ဘက်ကို ပြေးကြတယ်။ စစ်တပ်က အပြုတ်ချမဲ့သဘောရှိတယ်။အားလုံးလိုလို မြို့ပေါ်ရှိမနေတော့ဘူး၊ မီးလောင်နေတဲ့နေရာတွေလည်း လောင်ပေါ့ဗျာ”လို့ ကျောက်မဲဒေသခံသတင်းရင်းမြစ်က New Day Myanmar ကို ပြောပါတယ်။
ဒီလိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြားထဲက နေစစ်ကော်မရှင်ခန့် ဌာနဆိုင်ရာဝန်ထမ်းတွေဟာ အလံထောင်ပြီး ကျောက်မဲမြို့ထဲကိုဝင်ရောက်လာနေတယ်လို့ သူကဆိုပါတယ်။
TNLA ရဲ့ထုတ်ပြန်ချက်မှာလည်း မိဘပြည်သူများအနေနဲ့ စစ်တပ်ရဲ့ လေ ကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေ ကြောင်းရန်ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိူ လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ-TNLA


